35 (U+Z)

972 124 17
                                    

တိမ်းညွတ်ခြင်းကြောင့် - 35

အမှန်တရားတစ်ခုဟာ မမှန်တော့တဲ့အချိန်မှာ မှန်ပါတယ်ဆိုပြီး ပေါ်လာတဲ့အခါ...။

အပေါ်ယံထင်မြင်ချက်တွေ ၊ အနှစ်မပါတဲ့ ဝေဖန်မှုတွေဟာလည်း အရေအတွက်များလာပြီဆိုရင်တော့ အလေးချိန်ဖြစ်ရတယ်။ အဲ့ဒီသဘောဟာ ဒီအချိန်မှာ များစွာမှန်ပါတယ်။

လွင့်ကြောင့် Lobby မှာ ရှုပ်ထွေးရလို့ မန်နေဂျာရဲ့မျက်နှာက သုန်မှုန်နေတယ် ။ သူ့အလုပ်ခန်းထဲ လွင့်ကိုခေါ်ပြီး ဆူငေါက်ဖို့အတွက် အားယူနေတာလို့ပဲ ထင်တယ်။ မန်နေဂျာက အလုပ်လုပ်ရင် တိကျတဲ့အတွက် ချီးကျူးစရာဆိုပေမဲ့ မလိုအပ်ဘဲလည်း ဆူပူတတ်တယ်။ တကယ်လို့ အပြစ်သာရှိတယ်ဆိုရင် ပိုဆိုးတာပဲ။

'' မင်း ဒီရက်အတွင်း အလုပ်နားလိုက် ၊ တစ်ခါတည်း ကြိုပြောထားမယ်...မင်းရဲ့အလုပ်နားရက်တွေကိုတော့ လစာဖြတ်မယ်...''

'' ကျွန်တော် ဘာမှမဖြစ်လို့... အလုပ်လည်း မနားပါဘူး... အလုပ်ကို ဆက်လုပ်မှာပါ..''

'' အဲ့ဒါဆိုရင် သတင်းထောက်တွေ စပ်စုချင်တဲ့သူတွေကို မင်း ရှင်းထုတ်ပေး...၊ Lobby မှာ ပြဿနာအရှုပ်အထွေးမရှိရင် အလုပ်လာလေ..''

မန်နေဂျာက စိတ်အေးအေးနဲ့ ပြတ်ပြတ်သားသား ပြောတယ်။ ပြန်ပြောစရာမဲ့သွားတာကတော့ လွင်ပဲ ။ အဲ့ဒီလူတွေကို လွင် ဘယ်လိုဖြေရှင်းရမလဲ မသိဘူး။ ပြဿနာကို ရှင်းပြလို့မရဘဲ ဘာတွေမေးမှန်းမသိ မေးချင်သလို မေးနေကြတာ။

'' ဒါပေမဲ့ မင်းအနေနဲ့က ဒီအလုပ်ကိုလာမလုပ်လည်း အေးဆေးနေလို့ ရနေပြီမဟုတ်ဘူးလား... မင်းနဲ့တွဲနေတဲ့တစ်ယောက်က အောင်မြင်နေတာပဲ ငွေလျှံမှာပေါ့... မင်း အေးဆေးထိုင်စားလို့ရပြီလေ..''

မီးကျဥ်းရဲနေတဲ့အပေါ် လောင်စာထည့်လိုက်သလိုမျိုး လွင့်စိတ်ဟာ ဟုန်းခနဲ ထပေါက်ကွဲပြီး လောင်ကျွမ်းသွားတယ်။ တကယ်တမ်းမှာ လွင်နဲ့ မိုးသောက်က ဘာမှမသက်ဆိုင်တော့ပေမဲ့ အကယ်၍ သက်ဆိုင်မှုရှိနေသေးရင်လည်း ဒီလိုစကားကို ငြိမ်ပြီးနားထောင်စရာ အကြောင်းမရှိ။

'' မိုးသောက်သော်နဲ့ ကျွန်တော် မသက်ဆိုင်ဘူးဆိုတာကို ခင်ဗျားလက်မခံတာအထိ နားလည်ပေးလို့ ရတယ်.. ။ဒါပေမဲ့ ကိုယ့်ရဲ့ သိမ်ဖျင်းတဲ့စိတ်နဲ့ သူများကို လာမနှိုင်းနဲ့... ခေါင်းဆောင်ဆိုရင် ခေါင်းဆောင်စကားပြော...''

တိမ်းညွှတ်ခြင်းကြောင့် Where stories live. Discover now