12 (U+Z)

1.1K 166 17
                                    

*စားပါဦးလား လွင်လေး*

နေ့ခင်းထမင်းစားနားချိန်မှာ ဖုန်းကိုဖွင့်ကြည့်တယ်ဆိုရင်ပဲ တောင်ခနဲမြည်ပြီး Messengerမှာ ရောက်နေတဲ့စာ ။ ထပ်ပြီး ပုံတစ်ပုံလည်း ပို့ထားသေးတယ်။ စားပွဲဝိုင်းပေါ်မှာ လှလှပပပြင်ထားတဲ့ ဆူရှီပန်းကန်တွေ ။ ဒီလိုပုံတွေနဲ့ စာကြောင်းလေးတွေ နေ့တိုင်းလိုလို ရောက်လာတတ်တာ တစ်ပတ်လောက်ရှိနေပြီပဲ။ ဓာတ်ပုံတွေဟာ ရှုခင်းပုံမဟုတ်ရင် အစားအသောက်ပုံတွေ ဖြစ်နေတတ်တယ်။ ပြီးတော့ မဆီမဆိုင် သူ့အင်္ကျီမှာကျယ်သီးပြုတ်ထွက်သွားတာကအစ ပုံနဲ့အတူ စာပို့ပြီးပြောတတ်တယ်။

*ကြယ်သီးလေးက ကိုယ့်ကိုထားသွားပြီ လွင် ၊ ကိုယ်ဝမ်းနည်းလွန်းလို့ ရန်ကုန်ပြန်ရောက်ရင် လွင်နှစ်သိမ့်ပေးနော် *တဲ့။ ခပ်ချွဲချွဲနဲ့ သူပဲ စာပို့ရဲတယ်။ အဲ့ဒီလောက် ပြောင်ချော်ချော်နိုင်မယ်လို့ မထင်ခဲ့ပေမဲ့ တကယ်ပဲ အဲ့ဒါက ဆလိုင်းအယ်လ်ဗင်ဖြစ်နေခဲ့တယ်။

တနေ့ကတော့ မီယာကိုကျွန်းမှာ သူရိုက်ထားတဲ့ ရေကြည်ပြာပုံကို ပို့တယ်။ အဲ့ဒီကို သူရောက်နေတယ်တဲ့။ သူ အဲ့ဒီလိုပို့တဲ့အချိန်မှာ လွင်ကတော့ ပျင်းလွန်းလို့ ပြတင်းပေါက်အနားမှာထိုင်ပြီး ဘေးဘက်တိုက်က လင်မယားရန်ဖြစ်တာကို ထိုင်ကြည့်နေရတယ်။ ပြတင်းပေါက်ချင်း တန်းနေတာဆိုပေမဲ့ ရန်ဖြစ်နေတဲ့လင်မယားက အခန်းထဲမှာ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နဲ့ မြင်ကွင်းဖမ်းမရဘဲ အသံကိုပဲ ပြတ်ပြတ်သားသားကြားရတယ်။ သိချင်စိတ်ပြင်းလွန်းလို့ ပြတင်းပေါက်အနားမှာ ထိုင်နေတာတော့မဟုတ်ဘူး။ အမြှီးတယမ်းယမ်းနဲ့ ခုန်ပေါက်ပြီး လွင့်ဗိုက်ကိုလာလာတိုးတဲ့ ကန်ဒီ့ကို အမြင်ကတ်လို့ တမင်ထိုင်နေလိုက်တာ။ အဲ့ဒီတိုက်ခန်းမှာ သူ့အချစ်တော် ကြောင်ဖြူကောင်ရှိနေတော့ ကန်ဒီ့မှာ ရတက်မအေးရှာဘူးပေါ့။ လွင် တငိုငိုတရီရီဖြစ်တုန်းကတော့ ငါ့ပါးပါးအသည်းကွဲနေပါလားဆိုပြီး ချော့ရကောင်းမှန်းမသိဘဲ သူ့အကောင်အိမ်က လူနှစ်ယောက်ရန်ဖြစ်မှ သူအပူလုံးကြီးနေတာက ဘယ်လောက်စိတ်တိုဖို့ကောင်းလဲ။

အဲ့ဒီလိုစိတ်တိုနေတုန်းမှာ ကြည်ပြာသန့်စင်တဲ့ ရေပြင်ဓာတ်ပုံကိုမြင်ရတော့ မနာလိုဖြစ်မိတယ်။ဘာမှအရိပ်အကဲမသိတဲ့ အဲ့ဒီလူကတော့ တစ်ပုံပြီးတစ်ပုံဆက်ပို့တယ်။ နောက်တော့ တစ်ပုံချင်းစီကြည့်ရင်းနဲ့ စိတ်လည်းကြည်သွားရတယ်။ ဓာတ်ပုံရိုက်ချက်တိုင်းက သဘာဝအလှကို ပေါ်လွင်စေတာကြောင့်ပဲဖြစ်မယ်။

တိမ်းညွှတ်ခြင်းကြောင့် Where stories live. Discover now