22 (U+Z)

865 118 4
                                    

ညအရိပ်ဟာ မြရည်ဖျန်းထားသလို အေးချမ်းနေတာကြောင့် နံဘေးမှသင်းပျံလာတဲ့ နှင်းဆီရနံ့မှာ စိတ်ဝိဉာဥ်စွဲငြိနေပြီလို့ ထင်စေတယ်။ ဗိုက်ဆာတယ်ဆိုပြီး ဧဝရဲ့ဖက်ထုပ်ခေါက်ဆွဲပြုတ်ကို နှစ်ခြိုက်ခဲ့တဲ့ကောင်လေးကတော့ ကားထဲမှာ ဖြည်းဖြည်းငြိမ့်ငြိမ့် အိပ်မောကျနေတယ်။ နှိုးချင်ပေမဲ့ နိုးမှာစိုးလို့ လွင်လမ်းညွှန်ပေးတဲ့ လမ်းထိပ်ရောက်တဲ့အခါ ကားရပ်ထားပြီး လွင့်ကို ထိုင်ကြည့်နေလိုက်တော့တယ်။ ကိုယ်က အိမ်တိုင်ရာရောက်စနစ်နဲ့ လိုက်ပို့ချင်သော်လည်း လွင်ကလေးက သူ့တိုက်ခန်းကိုတော့ ကိုယ့်ကို ပေးမသိ။

လွင်ပြင်သစ်ရဲ့ရာဇဝင်မှာ အထူးမှတ်ချက်အဖြစ် အစားအစာအများကြီးကို စားခြင်းနှေးသော်လည်း တဖြည်းဖြည်း ကုန်အောင်စားနိုင်ခြင်းလို့ ရေးသင့်တယ်။ ကိုယ်တစ်ယောက်တည်း ကုန်အောင်မစားနိုင်တဲ့ ပမာဏကို လွင်ကတော့ တစ်ယောက်တည်းကုန်အောင်စားနိုင်တယ်။ ခန္ဓာကိုယ်ကြည့်တော့ သေးသေးသွယ်သွယ်။ စားပြီးတာတွေက အစာအိမ်ထဲမရောက်ဘဲ အငွေ့ပျံကုန်တယ်လို့ထင်ရအောင် ဗိုက်ကလည်း ပြားချပ်ချပ်။

အချိန်က တရွေ့ရွေ့နဲ့ နာရီဝက်ကြာသွားတယ်။ ကားထဲမှာ Travel pillow အဆင်သင့်ရှိပေမဲ့ လည်ပင်းမှာပတ်ပေးလိုက်ရင် လန့်နိုးမယ်ထင်တယ်။ အဲ့ဒီလိုဆိုပြီး ဒီအတိုင်းထားဖို့ကလည်း လွင်ဇက်နာမှာ သေချာတယ်။ အခြေအနေနှစ်ခုထဲက တစ်ခုကိုရွေးမှဖြစ်မှာဆိုတော့ Travel pillow ပတ်ပေးတာကိုပဲ ရွေးလိုက်တယ်။

တကယ်တော့ ကိုယ့်လက်က အထိနာနေတာ။ ညနေက သူငယ်ချင်းတွေနဲ့ Volleyball ကစားတော့ fingers supportကို ကိုယ်ဝတ်နေကျတံဆိပ်မဟုတ်လို့ အဆင်မပြေဘူးဆိုပြီး မဝတ်ဘဲ လက်ဗလာနဲ့ Volleyballကစားလိုက်မိတယ်။ ကစားနေတုန်းက ဘာမှမခံစားရပေမဲ့ ပွဲသိမ်းတော့မှ လက်မှာ အသားကြေကုန်ပြီလို့ထင်ရတဲ့အထိ နာနေတယ်။

အဲ့ဒီလိုနာနေတဲ့လက်နဲ့ လွင်လန့်မနိုးအောင် သတိထားပြီး Travel pillowကိုပတ်ပေးပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် လွင်ကလေးက မျက်ဝန်းဝိုင်းတွေကို တွန်းဖွင့်ပြီးနိုးလာခဲ့တယ်။

'' ခင်ဗျား ဘာလုပ်နေတာလဲ...''

မျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မျက်မှောင်ကိုလည်း ကြုတ်လိုက်တယ်။ ကိုယ်လည်းဘာမှမလုပ်ရပါဘဲ ပါးပြင်မို့မို့နဲ့နားရွက်ဖျားက ကိုယ့်ကိုကြည့်ပြီး နီမြန်းလာတယ်။ ဖက်နမ်းလိုက်ရရင်တော့ အသည်းသိမ့်သိမ့်တုန်ရမယ် ထင်တယ်။

တိမ်းညွှတ်ခြင်းကြောင့် Where stories live. Discover now