2 (U+Z)

1.5K 187 26
                                    

မိုးသောက်ဆီမှ ချစ်မေတ္တာစကားနာကြားပြီးတဲ့အခါ လွင်တစ်ယောက် ဖျတ်ဖျတ်လူးတာပဲ ။ စာကျက်တော့ မှတ်ဉာဏ်ထဲရောက်သွားတာက မိုးသောက် ။ စာဖတ်တော့လည်း ရေးရေးမြင်မိတာက မိုးသောက်ရဲ့အပြုံးပြေပြေ ။

"လွင်ပြင်သစ်! !''

အိမ်ရှေ့တံခါးဝမှာ အမေက ခါးထောက်လျက် ။ ဂျီနီဖာလိုပက်ဇ် (Jennifer Lopez) တို့ ဆုန်သင်းပါရ်တို့ အသံအောင်တယ်ဆိုတာ လွင့်အမေက ပျင်းတောင်ပျင်းသေး ။ လွင်က အမေ့ဘက်ကိုလှည့်ပြီး မတ်တပ်ထရပ်လိုက်တယ်။ ဗျာတို့ရှင်တို့ ထူးတဲ့အလုပ်ကို လွင်မလုပ်။ ဘာမှလာမပြောနဲ့...လွင်က ကျား,မ မဟုတ်တဲ့ ယောက်ျမိန်း။

"မင်း ဘာလုပ်နေတာလဲ ''

ပထဝီမြေကြီး တုန်ဟီးတော့မယောင် အသံနှင့်သဏ္ဍာန်ကြောင့် လွင် တံတွေးမျိုချလိုက်တယ်။ အလျှောက်ကောင်းမှ အထောင်းသက်သာမယ်ဆိုသော်လည်း ဘာကိုမကျေနပ်မှန်းမသိလို့ ဘယ်လိုဆင်ခြေပေးသင့်လဲဆိုတဲ့ဒိုင်ယာလော့မရှိ။ ဒါပေမဲ့ အမေခိုင်းတဲ့အလုပ်ကိုပဲ လွင်လုပ်တာပါ။

"အမေပဲ မြက်သွားနုတ်ဆို ''

"အမလေး လွင်ပြင်ရယ်...မင်းနုတ်ထားတာ မြက်တွေလား။ ငါ့ပျိုးပင်တွေတော့ မင်းနုတ်ပစ်လို့ ကုန်ပါပြီ.. ''

ခြေလှမ်းကြဲကြဲနဲ့ အမေ အနားရောက်လာမှ ငုံ့ကြည့်မိတော့ နုတ်ပစ်မိတဲ့ အမေ့မုန်ညှင်းဝါအပင်လေးတွေ ။ အဲ့ဒီလိုပါဆို...စိတ်က ကိုယ်မှာမရှိဘူး။

"အကူအညီရမလားလို့ မြက်နုတ်ခိုင်းပါတယ်။ တယုတယစိုက်ထားတဲ့အပင်တွေပါ ကုန်ပါရောလား..''

အမေဆူရင် နှုတ်ခမ်းစူတတ်တဲ့လွင်က ပြုံးနေမိတယ်။ ဆူပါစေဆူပါစေ အမေ့မှာဆူစရာဆိုလို့ လွင်ပဲရှိတာ။ အဲ့ဒီရက်တွေမှာ လွင် ပျော်နေတာပဲ။ အမေမခိုင်းပေမဲ့ ပျော်နေလို့ မုန်ညှင်းမျိုးစေ့ထပ်ဝယ်ပြီး သေချာပျိုးပေးလိုက်သေးတယ် ။ ရှင်တာသေတာကတော့ မုန်ညှင်းပင်ရဲ့ကိစ္စပေါ့။ လွင်က စိုက်ပေးခဲ့ပြီးပြီ။

တနင်္ဂနွေညရောက်တော့ လူခြေတိတ်တဲ့အထိစောင့်ပြီး အမှောင်ခန်းထဲမှာ ဖယောင်းတိုင်ထွန်းလိုက်တယ်။ စာအုပ်နဲ့ဘောပင်ကလည်း အဆင်သင့်။ အိပ်ရာခေါင်းရင်းက ပြတင်းပေါက်ကိုတွန်းဖွင့်တော့ အခန်းထဲကိုဖြာကျလာတာက ဝင်းဝါတဲ့လရောင် ။

တိမ်းညွှတ်ခြင်းကြောင့် Where stories live. Discover now