38 (U+Z)

957 142 18
                                    

တိမ်းညွတ်ခြင်းကြောင့် - 38

''လွင်ပြင်သစ်....ဟေး... လွင်ပြင်သစ်... အဲ့ဒီကောင် ဘယ်ရောက်သွားတုန်း...''

နေ့တစ်နေ့ရဲ့အသံသာကို ထုတ်လွှင့်သူကတော့ ဖေဖေ။ လွင့်ကို သူ့ရှေ့မှာမတွေ့တာကြာပြီဆိုရင် အထွေအထူးကိစ္စမရှိဘဲ အသည်းအသန် အော်ခေါ်လေ့ရှိတယ်။ အခုလည်း လွင် မီးဖိုခန်းဘက်ရောက်လာရင်း မေမေတစ်ယောက်တည်း ညနေစာချက်ဖို့ အလုပ်များနေတာတွေ့လို့ မေမေ့ကိုဝိုင်းကူပေးမယ့် အငယ်မကလည်း ကျောင်းသွားနေတော့ လွင်က ထိုင်ကူနေတာကို လွင်ပျောက်သွားပြီအထင်နဲ့ တကြော်ကြော် အော်ခေါ်နေတော့တယ်။ ဒီအတိုင်းပဲ အချိန်ကြာဦးမယ်ဆိုရင် ဖေဖေနဲ့လွင် သားအဖနှစ်ယောက်စလုံး phobia ( ကြောက်စိတ်လွန်ခြင်း) အသစ်ကို ရှာတွေ့ရလိမ့်မယ်။ ဖေဖေကလည်း လွင့်ကိုမတွေ့ရင် လွင်​ပြင်သစ် အိမ်ကထွက်ပြေးပြီလို့ထင်တယ်။ လွင်ကလည်း ဖေဖေ့အသံကိုကြားရင် အလိုလိုနေရင်းနဲ့ စိတ်ဓာတ်ကျတယ်။ အဲ့ဒါကြောင့် ဖေဖေအော်ခေါ်တဲ့အခါ ပြန်မထူးဖြစ်တော့ဘူး။

''ဒီမှာ ရှိတယ် အစ်ကိုရေ... ကျွန်မကို ဝိုင်းကူနေတာ..''

လွင့်လိုမနေနိုင်တဲ့မေမေကပဲ သူ့ယောက်ျားကို လွင့်ကိုယ်စား ပြန်ထူးပေးတတ်တယ်။

''သူက မီးဖိုခန်းထဲ ဘာဝင်လုပ်တာလဲ...သူ့ကို အဲ့ဒီလိုမိန်းမအလုပ်တွေ မလုပ်ခိုင်းနဲ့လို့ မင်းကို ငါ ဟိုအရင်ကတည်းက ပြောခဲ့တယ် ... ယောက်ျားလေးမွေးထားရင် ယောက်ျားအလုပ်ပဲခိုင်း..''

မီးဖိုခန်းအလုပ်ဆိုရင် မိန်းမအလုပ်ပဲဆိုတဲ့ ဖေဖေ့စကားကြောင့် မေမေက မျက်နှာမကောင်းဖြစ်သွားပေမဲ့ ရန်ပြန်မတွေ့ဘူး။ မေမေ အဲ့ဒီလိုငြိမ်နေလို့လည်း ဖေဖေအယူအဆတွေ မပြောင်းလဲနိုင်တာ။ အိမ်ထောင်မှုကိစ္စ ၊ ကလေးထိန်းတဲ့ကိစ္စဆိုရင် မိန်းမကိစ္စပဲဆိုပြီး သူကျတော့  သတင်းစာဖတ်မယ်၊ အပေါင်းအသင်းတွေနဲ့ စကားပြောမယ် ... ထမင်းစားချိန်ကျရင် အချိန်မှန်စားမယ် ။ အဲ့ဒီပုံစံက လွင် မှတ်မိတတ်စ အရွယ်ကတည်းကပဲ။ ရနံ့သစ်ငယ်ငယ်တုန်းကလည်း မေမေအလုပ်များရင် လွင်က ဝိုင်းထိန်းရတယ်။ ဖေဖေကတော့ တစ်လတစ်ခါ လစာအပ်ပြီး ဘုရင်စည်းစိမ်နဲ့ နေချင်တာ။

တိမ်းညွှတ်ခြင်းကြောင့် Where stories live. Discover now