7 (U+Z)

1.1K 169 27
                                    

ပူတယ်...ပူတယ် ။ ရင်ခေါင်းကနေ လည်ချောင်းအထိ။ ရေကိုရှာတာ မတွေ့ဘူး။ သဲကန္တာရထဲရောက်နေသလိုမျိုး...ရေမရနိုင်တဲ့ပတ်ဝန်းကျင်မှာ တစ်ယောက်တည်း ချာချာလည်နေတယ်။

အလင်းရောင်ကလည်း စူးလိုက်တာ။ မနည်းတွန်းကန်ပြီးဖွင့်နေတဲ့မျက်ခွံများပင် အားလျော့ချင်ချင်။အပေါ်ထပ်မှာ ပြေးလွှားနေတဲ့ ကလေးခြေသံတွေအစား သီချင်းသံသဲ့သဲ့ပဲ ကြားရတော့တယ်။ ကလေးတွေ ဘယ်ရောက်သွားတာလဲ။ လူကြီးမိဘတွေက ဆုံးမထိန်းသိမ်းလို့တော့ မဖြစ်နိုင်ဘူး။ အဲ့ဒီသောက်ကလေးတွေက အုပ်မရလေးတွေ။ ထားပါတော့..။

အိပ်ရာကလည်း နုအိနေတာပဲ။ ဝါဂွမ်းလေးထဲမှာ ဝင်အိပ်နေရသလိုမျိုးနွေးပြီး ဇိမ်ရှိတယ်။

ဟင်...What!။

ငါသေသွားပြီလား ။ အချစ်ဒဏ်ရာကို အခန်းအောင်းပြီးကုသနေရင်း အနာပိုရင်းလာလို့ စိတ်ထင်ရာတွေလျှောက်လုပ်မိတာ ဘဝကူးသွားရောလား..။ မသေသင့်ဘူးလေ။ လွင် လောကကြီးမှာ ဘယ်လောက်မှတောင် မနေရသေးဘူး။

ယူကြုံးမရတဲ့စိတ်နဲ့ ကုန်းရုန်းထပြီး မျက်လုံးဖွင့်ကြည့်လိုက်မှ မျက်လုံးပြူးသွားတော့တယ်။

ဒါ ဘယ်နေရာလဲ ။ လွင့်တိုက်ခန်းမဟုတ်တာတော့ အသေအချာပဲ။ ဟိုတယ်လား..။ ဒါမှမဟုတ် သေသွားပြီး နတ်ဗိမ္မာန်မှာ မွေးဖွားလာတာလား။ ဟုတ်နေရင်တော့ ရယ်စရာကောင်းတယ်။ လူ့ဘဝတုန်းက နတ်ပြည်ကို အငွေ့တလူလူကြားထဲမှာလို့ထင်ပြီး နတ်ဗိမ္မာန်ဆိုရင် ရွှေရောင်တပြောင်ပြောင်လို့ ထင်ကြတာပဲလေ။ တကယ်ပဲ ဘယ်နေရာပါလိမ့်..။

Interior decorationက သပ်ရပ်လှပလွန်းတယ်။ ပြတင်းပေါက်တံခါးကိုဖွင့်ထားပြီး အပြင်ဘက်မှာတော့ အပင်မျိုးစုံက စိမ်းညှို့လို့။ အဖြူရောင်လိုက်ကာကလည်း ပြေပြေလေး လူးလွှင့်လျက်..။ အဖြူရောင်နဲ့အစိမ်းရောင်တို့ အစပ်အဟက်တည့်တဲ့ အပြင်အဆင်ကြောင့် ရင်ပူနေတာတွေ သက်သာသွားသလို ခံစားရတော့တယ်။

နေရတာပေါ့ပါးလို့ ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်လိုက်မှ တီရှပ်အင်္ကျီအဖြူရောင်နဲ့ အားကစားဘောင်းဘီအတိုက လွင်တစ်ခါမျှမသိတဲ့ အဝတ်တွေ။လွင် မနေ့တုန်းက သေချာပေါက် ဂါဝန်ဝတ်ထားခဲ့တာ။ အခုမှ ခေါင်းကိုက်ချင်သလိုလို ဖြစ်လာတယ်။

တိမ်းညွှတ်ခြင်းကြောင့် Where stories live. Discover now