17 (U+Z)

988 128 10
                                    

မနက်ဖြန်အလုပ်ပိတ်ရက်မို့လို့ မုန့်လိုက်ဝယ်ကျွေးမယ်ဆိုတော့ နုရွှေစင်နဲ့ ဝင်းစန္ဒာပြည့်တို့နှစ်ယောက် အူကြောင်ကြောင်ဖြစ်သွားကြတယ်။ ကိုယ့်ကိုကြည့်လိုက် သူတို့အချင်းချင်းပြန်ကြည့်လိုက်နဲ့ ချက်ချင်းစကားမပြန်နိုင်ဘူး။ တကယ်တော့ အဲ့ဒီကောင်မလေးနှစ်ယောက်ကို ပေါင်းပေးလိုက်ရင် နားမခံနိုင်အောင် စကားများတယ်။ စကားစပြတ်တယ်လို့ မရှိဘူး ။ ဒီအကြောင်းပြီးရင် ဟိုအကြောင်း ဆက်တိုက်ပြောနိုင်ကြတယ်။ အဲ့ဒါကြောင့်မို့လို့လည်း မန်နေဂျာက သူတို့နှစ်ယောက်ကို အလုပ်ထဲမှာ တစ်နေရာတည်းလက်တွဲပြီး မထားရဲဘူး။ အဲ့ဒီလိုမျိုး လေအသုံးချမှုမှာ နာမည်ကြီးတဲ့နှစ်ယောက်နဲ့အတူ ရှစ်နာရီအလုပ်လုပ်လို့ စကားရှစ်ကြောင်းပြည့်အောင် မပြောတဲ့ကိုယ်က မုန့်အတူစားဖို့ခေါ်တယ်ဆိုတော့ ဘယ်သူမဆို အံ့ဩမယ့်ကိစ္စဖြစ်နေတယ်။

နုရွှေစင်က ကိုယ်နဲ့အလုပ်ခွင်နီးစပ်လို့ ကိုယ့်ပုံစံကိုသိတယ်။ ဝင်းစန္ဒာပြည့်က waitressပိုင်းဆိုတော့ ကိုယ်နဲ့ မျက်မှန်းတန်းမိရုံပဲ။ သူလည်း အံ့ဩပေမဲ့ နုရွှေစင်လိုမျိုး ကြက်သေ,သေတဲ့အထိ မဟုတ်ဘူး။ ''မနက်ဖြန် လွင့်ပြင်ရဲ့ မွေးနေ့လား..''ဆိုပြီး ပြန်မေးတယ်။ ကိုယ့်မွေးရက်အတိအကျမဟုတ်ပေမဲ့ မွေးနေ့နဲ့ နေ့ချင်းတူတော့ ''ဟုတ်တယ်''ပဲ ထားလိုက်တော့တယ်။

"စန္ဒာကတော့ မနက်ဖြန်အချိန်ရတယ် ။ ရွှေစင် နင်ရော..''

" ရွှေစင်က သွားစရာရှိပေမဲ့..အလွင့်ကိုပဲ ဦးစားပေးမယ် ။ အခုလို အခွင့်အရေးက ရှားတယ်မလား..''

"ဟို...ရွှေစင် အဆင်မပြေရင်လည်း..''

"မပြေစရာလား အလွင်ရယ်..။ ပြေတယ်နော် အဆင်ပြေတယ်...တော်တော်ပြေတယ် ။ အချိန်နဲ့နေရာသာပြောလိုက်..''

နှစ်ယောက်စလုံးက ရှောရှောရှူရှူလက်ခံတဲ့အပြင် နုရွှေစင်ဆိုရင် ပျော်နေတော့ လွင် အားနာချင်မိတယ်။ လွင် သူတို့ကို မုန့်ကျွေးမယ်ဆိုတာ လွင့်အာရုံကို လွင်လှည့်ဖျားချင်လို့ ။ တကယ်လို့ သူတို့ငြင်းရင်လည်း လွင့်မှာ Plan B မရှိဘူး။ ငိုင်ပြီး မအီမလည်ခံစားချက်နဲ့ ကျန်ခဲ့ရမှာ။

တိမ်းညွှတ်ခြင်းကြောင့် Where stories live. Discover now