39 (U+Z)

1K 143 13
                                    

တိမ်းညွတ်ခြင်းကြောင့် - 39

ရင်ဘတ်ထဲမှာ ပင့်ကူအိမ်တစ်ခုရှိပြီး ပင့်ကူရဲ့ထောင်ချောက်မှာ လိပ်ပြာတစ်ကောင် လာငြိနေတယ်လို့ လွင် ခံစားရတယ်။ လိပ်ပြာဟာ ပင့်ကူထောင်ချောက်ထဲက လွတ်မြောက်ဖို့အတွက် သူ့ရဲ့တောင်ပံတွေကို မရပ်မနား တဖျပ်ဖျပ်ခတ်နေတာ ဖြစ်လိမ့်မယ်။ အဲ့ဒီလိပ်ပြာက လွတ်မြောက်မယ်ဆိုရင်လည်း တောင်ပံတွေကို ခတ်လိမ့်ဦးမယ် ။ ဒါပေမဲ့ ပျံသန်းဖို့အတွက်ဖြစ်လို့ တောင်ပံခတ်တဲ့အခါ စည်းချက်ညီနေမယ်။ အခုထိတော့ လိပ်ပြာဟာ အလျင်စလိုနဲ့ တောင်ပံတွေကို မညီမညာ တဖျပ်ဖျပ်ခတ်နေရရှာတယ်။

ဘာတွေပဲဖြစ်ပါစေ ဖြစ်သမျှကို ရင်ဆိုင်မယ်ဆိုပြီး ဆလိုင်းအယ်လ်ဗင်ကို အိမ်ထဲဝင်ဖို့ လွင် ခေါ်ခဲ့တယ်။ အိမ်ထဲမဝင်ခင်မှာပဲ လွင့်ရဲ့သတ္တိတွေအားလုံးဟာ လေပြင်းတိုက်ရာအရပ်မှာ ပွင့်လိုက်တဲ့ဝါဂွမ်းတွေလိုမျိုး လွင့်ထွက်ချင်လာတယ်။

ဖေဖေက အိမ်ထဲပြန်ဝင်လာတဲ့ လွင်တို့သားအမိနဲ့ ဧည့်သည်တစ်ယောက်ကိုမြင်ပြီး မျက်လုံးအကြည့်တွေ ပြောင်းလဲသွားတယ်။ သူမျှော်နေတဲ့သူမဟုတ်တဲ့အတွက် အံ့ဩဟန်ပြပြီးမှ အကြည့်တစ်ချက်နဲ့ ဆလိုင်းအယ်လ်ဗင်ကို စူးစမ်းတယ်။

'' အစ်ကို.. ထိုင်''

လွင်က အိမ်ရှင်ပီသစွာ အစ်ကိုအယ်လ်ဗင်ကို ထိုင်ဖို့နေရာပေးတယ် ။ အဲ့ဒီအချိန်မှာ ဖေဖေ့မျက်နှာက ရှုပ်ထွေးတဲ့အတွေးတွေကြောင့် အနည်းငယ်မှိုင်းပျပြီး မျက်လုံးတွေဟာ မနားတမ်း လှုပ်ရှားနေတော့တယ်။

ပင့်ကူထောင်ချောက်မှာ ငြိနေတဲ့ လိပ်ပြာရဲ့တောင်ပံတွေနဲ့ ခြားနားခြင်းမရှိနိုင်သော လွင့်စိတ်ဟာလည်း တဖျပ်ဖျပ်ဖြစ်နေမိတယ်။ လွင် ထပ်ပြီး ထွက်ပြေးစရာမလိုတော့သလို ၊ ဖုံးကွယ်ပြီး နေထိုင်စရာလည်း မလိုတော့ဘူးလို့ ကိုယ့်ဘာသာ အားမွေးရတယ်။

'' ဖေဖေ...''

လွင်ခေါ်လိုက်တာကြောင့် ဖေဖေအကြည့်က လွင့်ဆီရောက်လာတယ် ။ မီးစာတိုင်ချည်ကို လွင် မီးညှိလိုက်ပြီ။

'' ဒီအစ်ကို့နာမည်က ဆလိုင်းအယ်လ်ဗင်လို့ခေါ်တယ်..''

လွင့်ရဲ့မိတ်ဆက်စကားကြောင့် အစ်ကိုအယ်လ်ဗင်က တစ်ခုခု​ပြောဖို့ဟန်ပြင်လို့ မပြောဖြစ်အောင် တံတောင်နဲ့ တွတ်လိုက်မိတယ်။ လွင့်ကို မကျေမနပ်ပြန်ကြည့်တဲ့သူက လွင် ဘာတွေဆက်ပြောမယ်ဆိုတာကို သိတာလည်းမဟုတ်ဘူး။

တိမ်းညွှတ်ခြင်းကြောင့် Where stories live. Discover now