18 (U+Z)

1.5K 135 27
                                    

"ဒါဆိုရင် လွင်လေး ကိုယ့်ဆီရောက်လာစေဖို့ တိုက်တွန်းတာက Alvin and the chipmunks ရုပ်ရှင်ပေါ့..''

ရေစတွေသီးနေတဲ့ ကော့တေးခွက်ကိုစိုက်ကြည့်ပြီး လွင်ခေါင်းညိတ်လိုက်ရတယ် ။ အဲ့ဒီရှဥ့်လေးကလည်း ကြည့်လေ အစ်ကိုအယ်လ်ဗင်နဲ့တူလေပါပဲ။ သွက်လက်ပြီး လည်လွန်းတယ်။

" ဟုတ်တယ် အဲ့ဒီရှဥ့်လေးကိုကြည့်ပြီး ခင်ဗျားကိုသတိရသွားလို့..''

" ဪ..''

တုံ့ပြန်တဲ့အသံက အေးစက်စက်။ လုံးဝမအံ့ဩတဲ့မျက်နှာနဲ့ အံ့ဩသွားတဲ့လူကို ကြည့်ပြီး လွင်ရယ်လိုက်မိတယ် ။ ဖုံးကွယ်ဖို့မဖြစ်နိုင်အောင် ရယ်ချင်​နေတာမျိုးကို အခုမှပဲ လွင်ကြုံဖူးတော့တယ်။ ဆလိုင်းအယ်လ်ဗင်ကို ဥပေက္ခာပြုမယ်ဆိုပြီး တမင်သက်သက် အကြောင်းရှာထွက်မှ...စားသောက်ပြီးလို့ ရုပ်ရှင်ကြည့်မယ်ဆိုတော့ ဝယ်ထားတဲ့Ticketက Alvin And The Chipmunks: The Squealquel.

တိုက်ဆိုင်လိုက်တာလို့ တွေးမိတုန်းက ကိစ္စမရှိပါဘူးဆိုပြီး နှလုံးသွင်းထားပေမဲ့ အထာကျတဲ့ ရှဥ့်လည်ကောင်ကြောင့် သတိရစိတ်ကို ဘယ်လိုမှထိန်းလို့မရခဲ့။

ရုပ်ရှင်ကြည့်တယ်သာဆိုတယ် ။ လွင် တကယ်မြင်နေခဲ့ရတာက လွင့်ကို ကြင်ကြင်နာနာနဲ့ကြည့်တတ်ပြီး အမြဲစိတ်ဆိုးအောင် စနောက်တတ်တဲ့သူ ။ အရေးမပါဘူးလို့ထင်ရပေမဲ့ လေးနက်မှုကို ပြသတတ်တဲ့သူ။ ဘာကိုမှဂရုမစိုက်တတ်တဲ့ပုံစံနဲ့ လွင့်ကိုဂရုစိုက်ဖို့ ကြိုးစားနေတဲ့သူ။ လွင်ကျောခိုင်းဖို့ ခက်ခဲတာတွေ။ လိမ်ညာရခြင်းမှာ ကိုယ့်ကိုယ်ကိုယ်လိမ်ညာရခြင်းဟာ အဆိုးဆုံးပဲ ထင်ပါတယ်။

မင်းသဘောကျမယ်လို့ မျှော်လင့်တယ်ဆိုပြီး ပေးလိုက်တဲ့ အဲ့ဒီလူရဲ့လက်ဆောင်ဆိုတာ ဂါဝန်တစ်ထည်ပါပဲ။ ဒါပေမဲ့ လွင့်ရဲ့နှစ်သက်ခြင်းကို ဆွဲထုတ်နိုင်တဲ့ ပစ္စည်း။ သူက လွင့်ရဲ့လစ်ဟာကွက်တွေကို ဖြည့်ရင်း ဝင်လာခဲ့တာ ။ ခြေလှမ်းဟာ ကျယ်ပေမဲ့ အလျင်မလိုတော့ သိမ်မွေ့တယ်။ လွင့်ရင်ထဲရောက်လာတာကို လွင်ကိုယ်တိုင်မသိနိုင်အောင် သိမ်မွေ့တဲ့ ခြေလှမ်းတွေနဲ့ ။

" ကျွန်တော်မလာရင်လည်း ဒီလိုပဲထိုင်စောင့်နေမှာလား..''

" ဟင်...''

တိမ်းညွှတ်ခြင်းကြောင့် Where stories live. Discover now