36 (U+Z)

1.1K 136 10
                                    

တိမ်းညွတ်ခြင်းကြောင့် - 36

အဖြူအစိမ်းဝတ်ဆင်ထားတဲ့ ကျောင်းသားကျောင်းသူတွေကြားထဲမှာ လွင်ကလည်း တစ်ယောက်အပါအဝင် ဖြစ်နေခဲ့တယ် ။ ကျောင်းသားတွေအများကြီးက ကျောင်းထဲမှာ ရှုပ်ယှက်ခတ်ပြီး ပြေးလွှားနေတာကို လွင်က ရပ်ကြည့်နေတာ။ တစ်ယောက်ယောက်က သူတို့အချင်းချင်း ကျောင်းတက်ခေါင်းလောင်းတီးသွားပြီလို့ ပြောတယ်။ လွင့်ရဲ့ ခြေလှမ်းတွေက ဆယ်တန်းဆောင်ရှိတဲ့ ကျောင်းဆောင်အပေါ်ထပ်ကို သွားရမယ်လို့ သိနေခဲ့တယ်။ လွင် လှေကားကို ခပ်မြန်မြန် တက်သွားခဲ့တယ်။ ကျောင်းရဲ့လှေကားက တက်ရင်းတက်ရင်းနဲ့ အဆုံးမရှိတော့ဘူး။ လှေကားကိုမော့ကြည့်မိတော့ ငါးထစ်ပဲ တက်ဖို့လိုတာဆိုပေမဲ့ မရောက်နိုင်ဘူးဖြစ်နေတယ်။ လွင့်ရဲ့ဘေးမှာ တစ်ယောက်ယောက်ရှိနေလို့ လှည့်ကြည့်တော့ မျက်နှာပုံသဏ္ဍာန် ဝေဝါးနေပေမဲ့ နှုတ်ခမ်းကို ဖြည်းညှင်းစွာဖြန့်ကွေးရင်း ပြုံးပြတဲ့ ကောင်လေးတစ်ယောက် ။ အဲ့ဒီအပြုံးကို တစ်ချိန်တုန်းက မြင်ခဲ့ဖူးသလိုလို ၊ အခုမှ မြင်ဖူးသလိုလို ဇဝေဇဝါ။ သေချာတာကတော့ လွင့်အတွက် ပထမဆုံးသော သူစိမ်းတစ်ယောက်ရဲ့ နွေးထွေးတဲ့အပြုံးဖြစ်နေတယ်။ လွင်လည်း သူ့ကို ပြန်ပြီးပြုံးပြမိတယ်လို့ ထင်တယ်။ သူနဲ့လွင် စကားတွေပြောရင်း လှေကားကိုဆက်တက်လိုက်တော့ လှေကားထိပ်ကို ရောက်မှန်းမသိ ရောက်သွားတယ်။ လှေကားထိပ်မှာ ရုတ်တရက် မိန်းမကြီးတစ်ယောက် ပေါ်လာတယ်။

အဲ့ဒီမိန်းမကြီးကိုတော့ လွင် လုံးဝကိုသိတာပေါ့ ။ မိုးသောက်သော်ရဲ့ မာမီလေ ။ လွင်က မိုးသောက်သော်ရဲ့မာမီကို ရှောင်သွားဖို့ပြင်လိုက်တော့ မိုးသောက်သော်ရဲ့မာမီက လွင့်ကို ဆောင့်တွန်းလိုက်တယ်။ လွင့်ရဲ့ဘေးမှာရှိနေတဲ့ ကောင်လေးကို သတိရပြီး လွင် လှည့်ကြည့်မိတယ်။ ခုနတုန်းက ဝိုးတဝါးဖြစ်နေတဲ့ မျက်နှာကို လွင့်ခြေထောက်နဲ့ကြမ်းခင်း လွတ်သွားတဲ့အချိန်မှာ ပြတ်ပြတ်သားသား မြင်လိုက်ရတယ်။ သူက မိုးသောက်သော်ပဲ။

သူတို့သားအမိကိုမြင်ရတာ စိတ်တိုဖို့ကောင်းလွန်းတယ်။ ဒေါသထွက်ရလို့ လေးလံတဲ့ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုကိုရဖို့ လွင် ရုန်းကန်ပစ်လိုက်တယ်။ ဒါပေမဲ့ လွင့်ကို ဝိုင်းပြီးဖိထားသလိုမျိုး လွင့်ခန္ဓာကိုယ်က ပိနေတယ်။

တိမ်းညွှတ်ခြင်းကြောင့် Where stories live. Discover now