25 (U+Z)

910 118 7
                                    

'' အယ်လ်ဗင်..အယ်လ်ဗင် ''

ရေးကြီးသုတ်ပြာနဲ့ပြန်လာတဲ့ခန့်က တံခါးအဝမှာပဲ ရှိသေးတယ်ဆိုပေမဲ့ သူ့အသံကတော့ ဧည့်ခန်းထဲကိုရောက်နေပြီ။ ဒီအတိုင်းဆိုရင် လွင့်ကို ဘတ်စ်ဂိတ်အထိပဲ ပို့ပေးရတယ်လို့ ကိုယ်သိလိုက်တယ်။

''လွင်ပြင်သစ်က မင်းနဲ့ငါ့ကို..''

'' မင်းနဲ့ငါ့ကို ပတ်သတ်မှုရှိတယ်လို့ ထင်သွားတာလေ..''

'' ဟမ်... အယ်လ်ဗင် သိ​တာလား''

သူ့စကားကိုပိတ်လိုက်လို့ ပါးစပ်အဟောင်းသားဖြစ်နေတဲ့ ခန့်ကိုကြည့်ပြီး ခေါင်းယမ်းရတယ်။ တကယ်ဆိုရင် ကိုယ်မသိဘူးဆိုမှ အံ့အားသင့်ရမှာ မဟုတ်လား။

'' အယ်လ်ဗင်သိရင် ဘာဖြစ်လို့ သူနားလည်အောင် မပြောပြတာလဲ.. ''

'' ငါသိတယ်ဆိုတာ သူထွက်သွားပြီးမှ ဆက်စပ်တွေးမိတာ ''

လွင်ကလေးရင်ထဲမှာ ဘာဖြစ်နေလဲဆိုတာ ချက်ချင်း ထွင်းဖောက်သိရအောင် ကိုယ်ဟာ ဉာဏ်အလင်းပွင့်နေတာလည်း မဟုတ်။ လွင် ပြန်ထွက်သွားမှ ဟိုတစ်ကွက်ဒီတစ်ကွက် ဆက်ကြည့်လို့ ရိပ်မိသလိုရှိတာ ။ အဲ့ဒီလိုမဟုတ်ဘဲ လွင်ဘာဖြစ်နေမှန်း တန်းပြီးသိနေတယ်ဆိုရင်လည်း ကိုယ့်မှာ ဘာမှပြောခွင့်မရှိ။ မမေးဘဲ ဖြေရှင်းတာဟာ စွက်ဖက်ခြင်း ဒါမှမဟုတ် စိတ်မလုံခြင်းလို့ သတ်မှတ်သင့်တယ်။ လွင်က အရိပ်အမြွက်ပဲဖြစ်ဖြစ်မေးလာရင်တော့ ဖြေရရဲ့။

ကိုယ့်ဆီကို လွင်ကလေးရောက်လာတာ ဘာအကြောင်းကိစ္စမှန်း မသိပေမဲ့ ခန့်ကို လွင်မြင်လိုက်တဲ့အချိန်မှာ လွင့်ရဲ့အကြည့်တွေ ပြောင်းလဲသွားခဲ့တယ်။ ဒေါသဖြစ်ခြင်းလို့ ထင်ရပေမဲ့ မသေချာဘူး။ တစ်ခဏလေးအတွင်းမှာ လွင့်မျက်ဝန်းတွေဟာ နောက်တစ်မျိုး ပြောင်းလဲပြန်တယ်။ ဝမ်းနည်းခြင်းလို့ ကိုယ်ထင်တယ်။ အဲ့ဒီအပြောင်းအလဲတွေကို ကိုယ့်ဘက်က ရိပ်မိတယ်ဆိုတာကလည်း လွင့်မျက်ဝန်းတွေ အမူအရာတွေကို အနုစိပ်အာရုံစိုက်မိတဲ့ ကိုယ့်ရဲ့မြတ်နိုးခြင်းကြောင့်ပဲ။ အထင်လွဲမှုတွေကို ဖြေရှင်းဖို့မှမဟုတ်ဘဲ။

''ငါစိတ်မကောင်းဘူးနော် ...sorry..''

''မဟုတ်တာကွာ..မင်းကြောင့်မဟုတ်ဘူး ၊ အဲ့ဒါကိုလည်း ငါမစိုးရိမ်ဘူး ၊ သူ ဘာဖြစ်လာမှန်းမသိတာကိုပဲ စိုးရိမ်တာ..''

တိမ်းညွှတ်ခြင်းကြောင့် Where stories live. Discover now