21 (U+Z)

778 113 3
                                    

'' အစ်ကိုလွင်...ကျေးဇူးပါဗျာ..''

လွင်နဲ့ဂျူတီချိန်ပြောင်းမယ့်ကောင်လေးက အလုပ်ကိုတစ်နာရီကျော်နောက်ကျပြီးမှ ရောက်လာလို့ လွင့်ကိုအားနာဟန်ပြတယ်။ သူ့ကိုကြည့်ရတာလည်း အလောတကြီးလာခဲ့ရတဲ့ပုံစံဖြစ်နေတော့ လွင့်ဘက်ကတောင် သူ့ကိုပြန်အားနာနေမိတယ်။

'' ​မင်းခဏနားချင် နားဦးလေ..''

''မနားတော့ပါဘူးဗျာ...ကူညီပေးတာကိုပဲ ကျွန်တော် ကျေးဇူးတင်နေပြီ..''

လွင့်ရဲ့ပုံမှန်အလုပ်ဆင်းချိန်က ငါးနာရီ။ လွင်ဂျူတီထွက်ရင် ဒီကောင်လေးဂျူတီပြန်ဝင်တယ်။ ဒီနေ့ကျမှ သူ့အမေ ဆေးရုံတက်နေရတော့ ကောင်လေးက သူ့အမေဘေးမှာနေပြီး လူနာစောင့်ပေးရတယ်။ သူ့အစ်မကလည်း အလုပ်ဖျက်မရတဲ့ ကုမ္ပဏီဝန်ထမ်းဖြစ်နေတော့ သူ့အစ်မအလုပ်ဆင်းမှ သူ့အစ်မကတစ်လှည့် လူနာစောင့်ပေးမယ်။ အဲ့ဒီတော့မှ သူကအလုပ်လာမယ်။ သူလာမယ့်အချိန်နဲ့ သူ့အလုပ်ချိန်က တစ်နာရီကွာနေတော့ လွင်က သူ့ကိုယ်စား အလုပ်မှာ တစ်နာရီပိုနေလိုက်ရတယ်။

''အန်တီရော သက်သာရဲ့လား..''

''ဟုတ်ကဲ့ ညကထက်စာရင် သက်သာလာပြီလို့ပြောရမှာပဲ..''

သူများအမေအကြောင်းပြောနေရင်းနဲ့ မေမေ့ကိုတောင် သတိရမိတယ်။ လွင့်ကို တကြိတ်ကြိတ်ဆူပေမဲ့ လွင်ဝမ်းနည်းရင် ပြန်ချော့တာလည်း မေမေပဲ။

အခုလိုမျိုး လွင့်ဆီမှာ ဖွင့်ဟတိုင်ပင်ချင်တာတွေ ရှိလာချိန်မှာတော့ ဖေဖေနဲ့မေမေ့ကိုလွမ်းတယ်။ ဖေဖေက လွင့်ကိုနားလည်ပေးနိုင်တဲ့ဖခင်မဟုတ်ပေမဲ့ လွင့်ကို သူများကဲ့ရဲ့မှာကြောက်လို့ ဖေဖေက ဆန်ရင်းနာနာဖွတ်ခဲ့မှန်း လွင့်ဘက်က တဖြည်းဖြည်း နားလည်လာခဲ့တယ်။

''​နောက်ရက်ကျမှ အန်တီ့ဆီလာတော့မယ်နော်..''

အလုပ်ချိန်မတူပေမဲ့ အလုပ်ချိန်အဝင်အထွက်မှာ နေ့တိုင်းတွေ့နေရတာဆိုတော့ လူမှုရေးကို လျစ်လျူရှုလို့မရ ။

''ဟုတ်ကဲ့ အစ်ကိုလွင်.. ကျွန်တော်ကြောင့် အစ်ကိုအိမ်ပြန်နောက်ကျသွားပြီ... လမ်းမှာဂရုစိုက်ပါဗျ..''

တိမ်းညွှတ်ခြင်းကြောင့် Where stories live. Discover now