31 (U+Z)

1K 130 21
                                    

31

ကိုယ့်အာရုံနဲ့ကိုယ် လှုပ်ရှားနေကြပေမဲ့ သက်ဝင်မှုတွေ ငြိမ်သက်နေတဲ့ အခြေအနေကြောင့် လွင့်အနေနဲ့ နေရခက်တာတော့ အမှန် ။ ဘာမှမဖြစ်သလို ၊ ဘာမှမဟုတ်သလိုမျိုး နှစ်ယောက်စလုံးကို ပေါ့ပေါ့ပါးပါးပြောဆိုနေရတာကလည်း မျက်နှာဖုံးတပ်ပြီး သရုပ်ဆောင်နေရမှန်း လွင့်ကိုယ်လွင် အသိဆုံး ။

'' ကိုယ်သွားပြီ...ဟိုကိုရောက်ရင် လွင်လေးကို စာပို့လိုက်မယ်..''

ရေသောက်ပြီးတဲ့ အစ်ကိုအယ်လ်ဗင်က တိုက်ခန်းထဲမှ ပြန်ထွက်ခါနီး လွင့်ကို နှုတ်ဆက်ရင်း အကြည့်တွေဟာ မိုးသောက်ဆီသို့ တစ်ချက်လွင့်သွားခဲ့တယ်။

'' ခင်ဗျားတူလေးကို ခေါ်ပြီးရင် ချက်ချင်းသွားမှာလား..''

'' ဟုတ်တယ် ၊ ညဥ့်မနက်ခင် ရောက်ချင်လို့..''

'' ကားမောင်းတာ ဂရုစိုက်ဦး..''

'' လိုက်ခဲ့မလား...''

ပုသိမ်ကို သွားမယ်ဆိုကတည်းက လိုက်ခဲ့မလားလို့ ခဏခဏခေါ်ပေမဲ့ လိုက်စရာရည်ရွယ်ချက်နဲ့ လိုက်ရမယ့်ပတ်သတ်မှုမျိုး လွင်တို့ကြားမှာ မရှိ။ တစ်နေရာရာကို အလည်အပတ်သွားချင်သော်လည်း ဒီလိုပုံစံနဲ့တော့ မဟုတ်။ ခရီးထွက်ချင်ပြီး ကိုယ့်စိတ်နဲ့ကိုယ် ခြေချုပ်မိနေတဲ့အဖြစ်ကို တွေးမိ၍...လွင် နွမ်းလျလျလေး ပြုံးလိုက်ရတယ်။

'' သွားပြီ..''

လွင့်နဖူးကို သူ့လက်ညှိုးနဲ့ထိတို့ရုံလေး လှမ်းတောက်ရင်း တိုက်ခန်းထဲမှပြန်ထွက်တဲ့ အယ်လ်ဗင်။ လွင်က တံခါးနားမှာရပ်တန့်ပြီး လှေကားထစ်တွေကို ခပ်မြန်မြန်ဖြတ်ဆင်းနေတဲ့ အယ်လ်ဗင့်ကိုကြည့်ရင်း အနောက်မှ ပြေးလိုက်လေတယ်။

'' အစ်ကို..အယ်လ်ဗင်... ''

အယ်လ်ဗင့်နာမည်ကိုခေါ်ပြီး ​ပြေးလိုက်ပေမဲ့ အယ်လ်ဗင်က တကယ်လှည့်ကြည့်တော့ ပြောချင်တဲ့စကားကို ပြင်ဆင်ခြင်းမရှိဘဲ နှုတ်ဆွံ့နေခဲ့ရတယ်။ တစ်ခုခုကို စိတ်ထင့်သလိုခံစားနေရပြီး အဲ့ဒီတစ်ခုခုအတွက် စိတ်ထင့်ရခြင်းကိုလည်း လွင်တစ်ယောက်တည်း ကိုယ့်ဘာသာ မကျေနပ်မိ။

တိမ်းညွှတ်ခြင်းကြောင့် Where stories live. Discover now