9 (U+Z)

1.1K 172 20
                                    

မက်ဆေ့ဂျ်ပို့တဲ့လိပ်စာအတိုင်း သွားလိုက်တော့ လမ်းမဘေးမှာရှိတဲ့ ဘီယာဆိုင်တစ်ဆိုင်ဖြစ်နေတယ်။ ဘီယာဆိုင်က မီးရောင်နဲ့ထင်းလင်းနေပြီး လူစည်တယ်။ ဘေးပတ်ဝန်းကျင်မှာတော့ လက်ဖက်ရည်ဆိုင်နဲ့ အကင်ဆိုင်ရယ်...အကြော်ဆိုင်တွေလည်း ရှိတယ်။ အေးစစညဦးဖြစ်ပေမဲ့ ကားအင်ဂျင်သံ ဆီပူပွက်သံ မီးမြိုက်သံတို့ကြောင့် ပူနွေးနေတဲ့နေရာမှာ ညှော်နံ့ကိုရှူရပြီး ခြေသံတွေကိုလည်း ကြားရလေတယ်။

ဖုန်းကိုဘောင်းဘီအိတ်ကပ်ထဲထည့်ပြီး ဘီယာဆိုင်ထဲ တစ်ချက်ဝှေ့ကြည့်လိုက်တယ်။ လှမ်းလည်းမခေါ်ဘဲ စူပုတ်ပုတ်ထိုင်ကြည့်နေတဲ့ မျက်နှာလေးကိုတွေ့မှ အသာပြုံးရင်း ဘီယာဆိုင်ထဲ ဝင်ခဲ့တော့တယ်။ နံရံဘက်ကပ်ထားတဲ့စားပွဲဝိုင်းမှာထိုင်နေပြီး သောက်လက်စ Heinekenတစ်ပုလင်းကိုင်ထားတဲ့ သူက မော့ကြည့်တယ်။ ထိုင်ပါဘာညာလည်းမပြောဘူး။ မပြောလည်းထိုင်မယ့်သူဆိုတာကို သိတဲ့အထာနဲ့ ဘီယာကို တစ်ငုံမော့သောက်တယ်။

"မင်းဆိုင်ရွေးတာ တော်သားပဲ..''

ရင်းနှီးအောင် စကားစလိုက်တာဆိုပေမဲ့ တကယ်လည်း ဆိုင်ရွေးတော်တယ်။ ပွင့်လင်းလွတ်လပ်မှုကို ခံစားရပြီး ဒီဝန်းကျင်မှာ ဆိတ်ကွယ်ရာမရှိဘူး။ ပိုပြီး သဘောကျသွားရတဲ့အကြောင်းအရင်းက ဒီအနားတစ်ဝိုက်မှာ လွင်နေထိုင်တယ်ဆိုတာကို ခန့်မှန်းမိလို့။

"ညီလေးရေ..''

ထိုင်ခုံမှာထိုင်ပြီးမှ ဝိတ်တာကောင်လေးကိုလှမ်းခေါ်တော့ ဝိတ်တာလေးက အပြေးပဲရောက်လာတယ်။ အနာဂတ်ရဲ့ငါ့ကောင်လေးဟာ အခုချိန်အထိ စကားတစ်ခွန်းမှ ထွက်မလာသေးပေမဲ့ မျက်လုံးကတော့ ထပ်ကြည့်လာပြန်တယ်။ ဟူဒီအနက်ရောင်နဲ့ ဂျင်းဘောင်းဘီဝတ်ထားပြီး ဝါညိုရောင်ဆံပင်က ခပ်ပွေပွေ။ထိုင်နေတဲ့ပုံစံက ဘယ်သူ့ကိုမှ သူဂရုမစိုက်ဘူးဆိုတဲ့အချိုး ။ အဲ့ဒီထက်ကျော်လွန်ကြည့်တော့ ဘယ်သူကမှလည်း သူ့ကိုဂရုမစိုက်ဘူးဆိုတဲ့အချက်ကို မြင်မိတယ်။

"အစ်ကို့ကိုလည်း Heineken တစ်ပုလင်း..''

"ခင်ဗျားမသောက်ရဘူး။ ''

တိမ်းညွှတ်ခြင်းကြောင့် Where stories live. Discover now