23 (U+Z)

869 125 5
                                    

ဆလိုင်းအယ်လ်ဗင်က တစ်ကြိမ်ဆုံးရှုံးရမလိုဖြစ်ခဲ့တဲ့ အသက်ကို ပိုင်ဆိုင်ထားရသူဆိုတော့ ရောဂါဘယတစ်ခုခုဖြစ်ရင် သူများထက်ပိုပြီး တစ်မိသားစုလုံးက ဝိုင်းသည်းတာကို လက်ခံရတယ်။ ကိုယ်နဲ့ပတ်သတ်ပြီး ကိုယ့်မိသားစုဆီမှာ စိုးရိမ်ကြောင့်ကြ ဖြစ်ရတဲ့အချိန်ကလည်း အဲ့ဒီတစ်ချိန်ပဲရှိလိမ့်မယ်။ တခြားကိစ္စတွေမှာတော့ ဖြစ်ချင်သလိုဖြစ်စမ်းဆိုပြီး အောက်မေ့ထားသလား မှတ်ရတယ်။ အယ်လ်ဗင် အိမ်နဲ့ခွဲချင်လား... မြန်မြန်ထွက်သွားပဲ။ အယ်လ်ဗင် နိုင်ငံခြားသွားချင်လား... ​ဘာလုပ်ပေးရမလဲပဲ မေးတယ်။ စိတ်ပူတဲ့အမူအရာကို မတွေ့ခဲ့ရဘူး။ ကိုယ်ရဲ့ပုံစံက ပတ်ဝန်းကျင်အမြင်တွေ ထုံးစံတွေကို ကိုယ်သဘောမတွေ့တဲ့အခါ သိသိသာသာ ပုန်ကန်တတ်လို့ ကောင်းမွန်တဲ့လူမှုရေးရှိသူ မဟုတ်ဘူး။ အဲ့ဒါကြောင့်လည်း ကိုယ့်ကမ္ဘာနဲ့ကိုယ်နေချင်တဲ့သူ သီးသန့်နေရာဖန်တီးနေတာကို မိသားစုက မတားဆီးခဲ့တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့...။

ကိုယ်ဟာ တစ်ချိန်တုန်းက ဆေးရုံတစ်ခုရဲ့ခုတင်ပေါ်မှာ ၉၆နာရီထက်ပိုပြီး မလှုပ်မယှက်ရှိခဲ့ဖူးတယ်။ သေငယ်ဇောနဲ့ ​မြော့ကျနေတဲ့လူငယ်တစ်ယောက်ကို စောင့်ကြည့်ခဲ့ရတဲ့သူတွေဟာ အဲ့ဒီအခြေအနေကို နောက်တစ်ခေါက်ရင်ဆိုင်ဖို့တော့ ကြောက်ရွံလေတယ်။

အခုလည်း ကိုယ်အူရောင်တဲ့သတင်းက တရားခံမပေါ်ဘဲ အာအူးဆီရောက်သွားတယ်။ အာအူးက ချက်ချင်းဖုန်းဆက်ပြီး ဘယ်လိုနေလဲမေးရင်းတန်းလန်းနဲ့ ဗီဒီယိုကောလ်ဖြင့် အယ်လ်ဗင့်မျက်နှာကိုမြင်ချင်တယ်ဆိုလို့ ဖုန်းချပြီး ဗီဒီယိုကောလ်ရတော့တယ်။

'' အဲ့ဒါ အယ်လ်ဗင် အရက်တွေသောက်လို့ဖြစ်တာ..''

''မဟုတ်ပါဘူး အာအူးကလည်း ၊ အရက်သောက်ရင် အသည်းကိုထိခိုက်တာပါ..၊ မယုံရင် အာအူးရဲ့သားငယ်ကိုမေးကြည့်.. ''

ကိုယ့်ကြောင့် အရက်ရဲ့ဂုဏ်သတ္တိကို မထိခိုက်စေချင်၍ အမြန်ကာကွယ်မိတော့ ပြန်ရလိုက်တာ ဖုန်းမျက်နှာပြင်ပေါ်မှ အာအူးရဲ့အကြည့်စူးစူး။

'' နင့်အရက်တွေက အသည်းကိုသွားမထိခင် အူကိုအရင်ထိတာ..ဘယ်သူမှမေးစရာမလိုဘူး ငါသိပြီးသားပဲ..''

တိမ်းညွှတ်ခြင်းကြောင့် Where stories live. Discover now