6 (U+Z)

1.1K 160 24
                                    

လူသားတွေဟာ အံ့ဩစရာအကောင်းဆုံးပဲဆိုတဲ့ အတွေးအခေါ်ပညာရှင် ဆိုကရေးတီးရဲ့စကားကတော့ တကယ်မှန်တယ်။လူတွေက ကျယ်ပြန့်တဲ့လောကကြီးကိုတောင် ကျဥ်းအောင်လုပ်ပစ်နိုင်တယ်။ နယ်နိမိတ် အသားအရောင် ဘာသာစကား အယူအဆ ကိုးကွယ်မှု ဥပဒေ စတဲ့သတ်မှတ်ချက်တွေနဲ့ ကွဲလွဲသွားအောင် ခွဲထုတ်ပစ်ခဲ့ကြရင်း မျိုးနွယ်စု နယ်မြေဒေသ သမိုင်းဆိုပြီး တစ်စစီဖြစ်သွားတယ်။ နေရာအသစ်ကိုအသားကျဖို့ ကြိုးစားရတဲ့အချိန်တွေမှာတော့ လူဆိုတဲ့တူညီခြင်းကိုအခြေခံပြီး သဘောတရားတွေ ကွာခြားသွားအောင် ဘယ်သူကစတင်လိုက်တာလဲလို့ တွေးမိတယ်။ မဆုံးနိုင်တဲ့အသစ်တွေကို ထပ်ပြီးထပ်ပြီး လေ့လာသင်ယူနေရတယ်။ အားလုံးဟာ တစ်သွေးတစ်သားတည်း အယူဝါဒတစ်ခုတည်းသာဆိုရင် ကမ္ဘာကြီးမှာ အချင်းချင်းဆက်သွယ်ပြောဆိုဖို့အတွက် သင်ကြားရခြင်းအလုပ်ဆိုတာ ရှိမှာမဟုတ်တော့ဘူး။ ကွဲလွဲတဲ့သဘောထားမရှိလို့ စစ်ပွဲပဋိပက္ခတွေလည်း ရှိမှာမဟုတ်တော့ဘူး။ အဲ့ဒီလိုတွေ တွေးခဲ့ဖူးတယ်။ အသက်ဆယ့်ရှစ်နဲ့ ဝါသနာနောက်ကိုလိုက်ရင်း ငေါင်းစင်းစင်းဖြစ်သွားတဲ့အချိန်တွေဆိုရင် ပိုပြီးတွေးခဲ့မိတယ်။

အသက်နှစ်ဆယ်အရွယ်တုန်းက ဆယ်နှစ်အရွယ်ရဲ့အကြောင်းတွေကိုပြန်တွေးပြီး ဘာလို့အဲ့ဒီလိုတွေဆော့ခဲ့တာလဲ ၊ ငါဘာတွေလုပ်ခဲ့တာလဲဟဆိုပြီး ရယ်ချင်သလိုလိုဖြစ်မိတယ်။ အခု အသက်သုံးဆယ်ကျော်တော့ အသက်နှစ်ဆယ်အရွယ်ကို တော်တော်ကြောင်ပါလားလို့တွေးမိပြန်တယ်။ တစ်သွေးတစ်သားတည်းဖြစ်ချင်ခဲ့တဲ့သူက သဘောထားမတိုက်ဆိုင်သူတွေကို စိတ်ပျက်ရင်း တဖြည်းဖြည်း ကိုယ့်ဘာသာခွဲထွက်လာခဲ့တယ်။ ဒီညလိုမျိုး တစ်ယောက်တည်းဖြစ်သွားတဲ့အချိန်မှာ အထီးကျန်ခြင်းကိုမသိတော့အောင် နေတတ်လာခဲ့တယ်။ တကယ်တော့ ဆန့်ကျင်ဘက်ဖြစ်ဖို့ ကျောခိုင်းခဲ့တာမဟုတ်ဘဲ တူညီတဲ့အရပ်ကို မျက်နှာမူရင်း မတူညီခြင်းတွေဖြစ်လာခဲ့တာ။ လူသားတွေဟာ တကယ်ကိုပဲ အံ့ဩစရာကောင်းပါပေတယ်။

နှစ်ခွက်မြောက်ဖြစ်တဲ့ JagerBombလက်ကျန်ကိုမော့သောက်ပြီး ပြုံးမိတယ်။ မူးလာပြီဆိုရင် ကိုယ့်ဘာသာထုတ်ထားတဲ့ဒဿနတွေ ထွက်လာတော့တာပဲ။ နှလုံးသားက လဟာပြင်ဖြစ်နေလို့ ပိုဆိုးသေးတယ်။ အာရုံများစရာ ဂရုစိုက်စရာကိစ္စတွေမရှိတော့ အတွေးမှာလာငြိတာကိုပဲ 'တစ်နွယ်ငင်တစ်စင်ပါ'အောင် ဆက်တွေးဖြစ်တယ်။

တိမ်းညွှတ်ခြင်းကြောင့် Where stories live. Discover now