အခန်း-၄၀

3.6K 696 83
                                    

အခန်း-၄၀

သိုင်းပညာ လေ့ကျင့်ဖူးတဲ့ အတွက် ချင်ရှောင်ယွီရဲ့ လက်တွေဟာ နူးညံ့မနေဘဲ ကြမ်းတမ်းနေသည်.. သို့ပေမယ့် အားနဲ့ နည်းနည်းဖိလိုက်ချိန်မျိုးမှာ စူးတူးတူးလေးဖြစ်တာက လွယ်ရင် သူ့ဗိုက်ကို ပွတ်တာ အလွန် အရသာခံလို့ကောင်းပြီး ဇိမ်ရှိလှသည်..

ဒါနဲ့ပဲ ချန်လင်တစ်ယောက်မျက်လုံးမှိတ်ပြီးဇိမ်ယူ လိုက်ရာ သေများသွားသလားဟုထင်ရအောင်ပင် အိပ်မောကျသွားလေတော့သည်..

ချင်ရှောင်ယွီပြုံးကာ ခေါင်းကိုခါလိုက်သည်.. ထို့နောက် စောင်ကို အပေါ်ထိဆွဲခြုံပေးဖို့ လက်လှမ်းလိုက်စဉ်မှာပဲ သူ့လက်ကို ချန်လင် လှမ်းဖမ်းလိုက်တာ ခံလိုက်ရသည်... ချန်လင်က သူ့ လက်ကိုယူကာ ဗိုက်ပေါ်သို့ ပြန်ဆွဲတင်လိုက်သည်...

ဒီလောက်နေလို့ကောင်းနေတာကို ရပ်လိုက်ရင် ဒါ သိပ္ပံနည်းမကျတာပဲ.....

ချင်ရှောင်ယွီတစ်ယောက် ရယ်ချင်တာကို ထိန်းတာ ဗိုက်ကြွက်သားတွေပင် ကြွက်တက်ချင်သွားသည်..

ချင်ရှောင်ယွီရဲ့ ပရော်ဖက်ရှင်နယ်ဆန်တဲ့ လက်အောက်မှာ အိပ်ပျော်သွားလိုက်တာ ညစာ စားချိန်ရောက်မှပင် နိုးတော့သည်.. လီသခင်ကြီးဘက်မှာတော့  ပူပန်မှုတွေနဲ့ စိတ်ကိုမရှည်ရှည်အောင်ဆွဲဆန့်ပြီးစောင့်လိုက်တာ နောက်ဆုံး စိတ်ဓာတ်ပါကျလာချိန်တွင်မှ သူတို့ ၂ယောက်၏အရိပ်အယောင်ကို လှမ်းမြင်ရလေသည်... စောင့်ရတာကြာလွန်းသဖြင့် မြင်မြင်ချင်းမှာ လီသခင်ကြီးစိတ်ထဲ ပန်းသူခိုးပြဿနာကို အတိတ်ဘ၀က ကိစ္စများလားဟုပင် ထင်ယောင်ထင်မှားဖြစ်မိလေသည်..

သူက ပြေးသွားကာ ချင်ရှောင်ယွီတို့အား စိတ်အားထက်သန်သည့် မျက်ရည်ဝဲမျက်ဝန်းကြီးဖြင့် ပြေးကြိုလေသည်..

ခြံအနောက်မှာ မီးရှို့ သတ်ခံလိုက်ရတဲ့ ကောင်မလေးကို ပြန်မြင်ယောင်လာသည့် ချန်လင်က လီသခင်ကြီးကို မျက်ထောင့်နီကြီးဖြင့် ကြည့်သည်..

"အဲ" လီသခင်ကြီး အနည်းငယ်ကြောင်သွားသည်.. သူတို့တွေအိပ်ရေးများမ၀ကြသေးလို့လား ??

Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)Where stories live. Discover now