အခန်း-၃၈

4.7K 1K 138
                                    

အခန်း-၃၈

ထိုကဲ့သို့ အန္တရာယ်များသည့် လူလည်စကားကိုကြားလိုက်သောအခါ ချန်လင်က လက်ဝါးကြီးပဲ လွှတ်လိုက်ပြီး "မင်းငါနဲ့ ဝေးဝေးကိုသွားရင်ကောင်းမယ်"

"ဒီခင်ပွန်းက ပန်းသူခိုးကို ဖမ်းပေးမယ်ဆိုတာ မင်းကြောင့်လေ" ချင်ရှောင်ယွီက သူ့နှာခေါင်းကို ညှစ်လိုက်ပြီး ပြောသည်.. "ဘာလဲ.. ဘာမှ ဆု မပေးဘူးလား"

"မင်းက ဆုလိုသေးတာလား?" ချန်လင်က သမာဓိရှိသည့် မျက်နှာတည်မျိုးလုပ်ကာ ပြောသည်.. "အမှန်တရားဘက်က သူတော်ကောင်းဂိုဏ်းရဲ့ တာဝန်တွေဝတ္တရားတွေတော့ သိပါအုန်း.. မကောင်းတဲ့သူကို နှိမ်နှင်း ပြီး အမှန်တရားဘက်က ရပ်တည်ရမှာ မင်းအလုပ်မဟုတ်ဘူးလား"

"မဟုတ်ပါဘူး" ချင်ရှောင်ယွီက ပြန်ဖြေသည်.. "သူများကိစ္စပါချင်တဲ့သူ သူ့ဘာသာဝင်ပါလို့ရတယ် . ကိုယ်နဲ့ ဘာဆိုင်လဲ"

ချန်လင် "..."

ကောင်းပြီ မင်းကို အထင် မကြီးခဲ့သင့်ဘူး.. တီဗီထဲက သူရဲကောင်းဆိုတာတွေက တကယ့်လက်တွေ့မှာ ရှိမှမရှိပဲ

လီအိမ်က သခင်လေးက စိတ်အတော်ထိခိုက်နေတာမို့ သူတို့ ၂ယောက် ထိုနေ့က သွားမတွေ့တော့ ဘဲ အခန်းကိုသာ စောစောပြန် ညစာစားလိုက်သည်..

"ဒီလောက်အစောကြီး အိပ်ရမှာလား" ချန်လင်က ဆူပုတ်ပုတ်ဖြင့် စားပွဲခုံကို ထုကာပြောသည်.. သူပျင်းလို့သေတော့မယ်..

အရင်ကအချိန်အရ သာဆို ဒါ ည၈နာရီ၉နာရီလောက်သာရှိဦးမည်. ညဘက် ပျော်ပါးချိန်အစသာရှိဦးမည်.. ဒီလောက်အစောကြီး အိပ်ယာဝင်ရမှာ ဘလောက်တောင် အချိန်တွေအလကားဖြစ်လိုက်သလဲ..

" မအိပ်ချင်ဘူးလား " ချင်ရှောင်ယွီရဲ့ နှုတ်ခမ်းထောင့် က အကြံရှိသလို ပြုံးသွားသည်.."ရက်၃၀ အယောက်၃၀ သုတေသနလုပ်ကြည့်ကြမလား"

ချန်လင် သူ့ကို မျက်လုံးပြူးဖြင့် စိုက်ကြည့်ပစ်လိုက်သည်..

ဒီလူက တော်ရုံတန်ရုံ အရှက်မရှိတာမဟုတ်ဘူးပဲ..

"ဒါမှမဟုတ် ကိုယ် မင်းကို အပြင်ခေါ်ထုတ်သွားရမလား" ချင်ရှောင်ယွီကပြောသည်..

Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)Where stories live. Discover now