Zawgyi
အခန်း-၂၁
"တနေ့လုံးမအိပ်နဲ့လေ"
အခန်းပြောင်းပြီးချိန်မှာတော့ ညအတော်မှောင်နေပြီဖြစ်သည်.. ချန်လင် တစ်ယောက် စောင်ထဲမှာလုံးကာ ဟိုလှည့်ဒီလှည့်နှင့် မနက်လင်းတော့မှ အိပ်ပျော်သည်..အအိပ်ကလဲ အလွန် ကြမ်းသည်.. ခြေထောက်ကနေရာတကာ လျှောက်ကန်သည့် အပြင် အိပ်မှုံစော်မွှားနှင့် ချင်ရှောင်ယွီ ရင်ခွင်ထဲလဲ အတင်းတိုးဝင်သေးသည်..
ချင်ရှောင်ယွီ မျက်မှောင်ကြုတ်သွားသည်.. ပြန်တွန်းဖို့ လုပ်လိုက်စဉ်မှာပင် ချန်လင့်မျက်နှာက ဆူပုတ်သွားကာ ပွစိပွစိဘာတွေမှန်းမသိရွတ်ပြီး သူ့ကိုပိုလို့ပင်တင်းတင်းဖက်ခွလေသည်...
"အင်္ကျီကို သေသေချာချာ ဝတ်လေ" ချင်ရှောင်ယွီ သူ့ ကျောကို ပုတ်ပေးပြီးပြောလိုက်သည်..
ချန်လင်က လက်မခံသည့် အသံ တခုထွက်လာကာ သူ့ကိုပိုတင်းတင်းဖက်လိုက်ပြီး စ ဟောက်တော့သည်..
ချင်ရှောင်ယွီ ကူရာမဲ့စွာပဲ ခေါင်းကိုခါလိုက်ပြီး စောင်ကို သေချာဆွဲခြုံပေးကာ လုံခြုံအောင်လုပ်ပေး လိုက်သည်..
ဒုတိယမနက်ခင်းတွင် အရိပ်နောက်လိုက်အဖွဲ့သားများ ခန်းမဆောင်အတွင်းတွင် ဆူညံစွာ မနက်စာစား နေကြသည်..နေကအတော်မြင့်လာပြီဖြစ်သော်လဲ အခန်းထဲမှ ထွက်မလာသေးသော ချင်ရှောင်ယွီ နှင့် ချန်လင်တို့ကြောင့် အားလုံး၏ စိတ်ကူးများက ကြိုးလွှတ် ပေးလိုက်သော မြင်းလို ပြေးချင်ရာပြေးပြီး တွေးချင်တာတွေးနေကြလေသည်.. တယောက်ထက်တယောက် ပို အတွေးပေါက်နေကြ၏..
" ပြောကြည့် ဂိုဏ်းချုပ်နဲ့ကြင်ယာတော်တို့ ဘာလို့ ခုထိမနိုးသေးတာလို့ထင်လဲ'' ဟွာထန်က တူကို ပါးစပ်ကကိုက်ကာ ပြဿနာကို မီးစရှို့သည်..
''ဟုတ်တယ်.. ဂိုဏ်းချုပ်က အမြဲစောစောထနေကြကို'' ဖန်းရန်ကမျက်မှောင်ကြုံပြီးပြောလိုက်ပြီး ထအော်သည်...''အိုင်းယား '' ခုံကိုဝုန်းခနဲရိုက်လိုက်သည်..
ပန်းကန်နှင့်ခွက် များ မိုးပေါ်သို့ တစ်ပေခန့်မြောက်သွားသည်.. မျက်နှာကို ရေနွေးကြမ်းများစဉ်ကုန်သော ယောင်ချန်းက ဒေါသတကြီးနှင့် အော်၏ ''ဒီကောင်ဆေးစားမှားပြန်ပြီလား''
![](https://img.wattpad.com/cover/204487126-288-k238904.jpg)
VOUS LISEZ
Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)
Roman d'amourအသက် ၂၂ နှစ်မှာ ရှန်ချန်လင်တစ်ယောက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့တယ်။ ဆုကိုကိုင် မျက်ရည်လေးဝဲပြီး ကျေးဇူးတင်စကားပြောနေချိန်မှာပဲ မျက်နှာကျက် ကအစိတ်အပိုင်းတစ်ခုဟာ သူ့ခေါင်းပေါ်ကွက်တိပြုတ်ကျသွားတယ်။ အဲ့နောက်တော့ သူဟာ အချိန်တွေကိုနောက်ပြန်...