အခန်း-၃၂
ရတနာ၉မျိုးလုံး လိုချင်တယ်
သူ့ရဲ့ ဒေါသမျက်နှာနီလေးက အရမ်းချစ်ဖို့ကောင်းတယ်လို့ ချင်ရှောင်ယွီ ထင်မိသောကြောင့် မထိန်းနိုင်ဘဲ ထရယ်မိသည်.. ချန်လင်ပို၍ပေါက်ကွဲသွားသည်... သူ့ကိုယ်သူမှန်တယ်ထင်ရင်တောင် ဒီလိုတော့ ထမရယ်သင့် ဘူး မှတ်လား...
အဲ့ဒါနဲ့ ကောင်ငယ်လေးက ဒေါသူပုန်ထကာ ကန်ထုတ်တော့သည်.. "ဒီည မင်းကြမ်းပေါ်မှာအိပ်"
"ကိုယ်ကြမ်းပေါ် ဆင်းအိပ်ရင် စိတ်မဆိုးတော့ဘူးပေါ့?" ချင်ရှောင်ယွီကမေးသည်..
ချန်လင်က ဟွန့်ခနဲ လုပ်သည်.. "ဘယ်သူပြောလဲ" ငါ့ဒေါသက အကြာကြီး တာရှည်ခံဦးမှာ...
"ကိုယ်မင်းကို အပြင် ခေါ်ထုတ်ပြီးလျှောက်ကစားခွင့်ပေးမယ်ဆိုရင်ရော" ချင်ရှောင်ယွီက ကုတင်ဘေးမှာ ဒူးထောက်ကာ ကိုယ်တပိုင်းကို ကုတင်ပေါ် ထောက်ထားရင်းမေးသည်...
"ဘယ်မှမသွားဘူး" ချန်လင်က မျက်နှာသာမပေးပေ
ချင်ရှောင်ယွီက စိတ်ရှည်သည်.. "အရမ်း မိုက်တဲ့ နေရာတွေရှိတယ်နော်"
"ဒီအချိန်ကြီး ဘယ်နေရာကိုသွားရမှာလဲ" ချန်လင်သူ့ကို အယုံ အကြည် မရှိပါ.. ဒီလို သန်းခေါင်ချိန်ကြီး အပြင်ထွက်မယ်ဆိုတည်းက တခုခု မဟုတ်တာ ကြံနေတာသိတယ်.. သူများအိမ်တွေများလျှောက်ချောင်း မလို့လား... ဒါဆိုရင်တော့ မင်းက နှာဗူး စူပါမင်းဖြစ်နေပြီ..
"သွားမကြည့်ရင် နောင်တရသွားမယ်နော်" ချင်ရှောင်ယွီက ကုတင်ဘေးဝင်ထိုင်လိုက်သည်.. "ကြည့်ပြီးမှ မပျော်ဘူး မကြိုက်ဘူးဆိုရင် စိတ်ဆိုးမပြေလို့ရတယ်"
ချန်လင် စဉ်းစားသွားသည်.. "...."
ချင်ရှောင်ယွီက သူ့ကို ကူကာ အင်္ကျီ ဝတ်ပေးသည်.. (A/N တကယ့်နာနီကြီးပါဟယ်)
ချန်လင် က ဆောင့်ကာ ပြောသည်.. "ဒါမင်းကို နောက်ဆုံးပေးတဲ့ အခွင့်အရေးနော်"
"ဟုတ်ကဲ့" ချင်ရှောင်ယွီက တည်ကြည်စွာပြောသည်.. "ကျွန်တော်မျိုး ဒီအခွင့်ရေးကို သေချာ အသုံးချပါ့မယ်"
YOU ARE READING
Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)
Romanceအသက် ၂၂ နှစ်မှာ ရှန်ချန်လင်တစ်ယောက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့တယ်။ ဆုကိုကိုင် မျက်ရည်လေးဝဲပြီး ကျေးဇူးတင်စကားပြောနေချိန်မှာပဲ မျက်နှာကျက် ကအစိတ်အပိုင်းတစ်ခုဟာ သူ့ခေါင်းပေါ်ကွက်တိပြုတ်ကျသွားတယ်။ အဲ့နောက်တော့ သူဟာ အချိန်တွေကိုနောက်ပြန်...