အခန်း-၉

9.5K 1.6K 66
                                    

"အမေ သားဘက်မှာရှိတယ်"

"ဘာလို့ ဒီလိုဟာတွေသင်ဖို့လိုအပ်တာလဲ" ချန်လင် မျက်လုံးတွေပါကျွတ်ထွက်အောင်ငိုချင်လာသည်..

ဒီလိုစာအုပ်တွေက အိမ်မှာတိတ်တိတ်လေး ဖွက်ထားရမယ့် အရာတွေမဟုတ်ဘူးလား.. လူရှေ့ ပေါ်တင်ကြီးထုတ်ပြီး ဗွင်းဗွင်းရှင်းရှင်းပြောရမယ့် အရာတွေမှမဟုတ်တာ

ခရမ်းရောင် ကျဲကျဲက ဆက်ပြောသည်.. "ဘာလို့လဲဆိုတော့ ချင်ဂိုဏ်းချုပ်ဆိုတာ ကျားတွေကြားထဲက နဂါးမို့လို့ပဲ"

အဲ့တာ ကျွန်တ်ာနဲ့ ဘာဆိုင်လဲ !

သူ့ဘာသာ အရည်အချင်းရှိလို့ ကျားတွေကြား အမောက်ထပေါက်နေတာနဲ့ သူက ဘာလို့ အ၀ှာလုပ်နည်းတွေသင်ရမှာလဲ..သူသာ ကောင်းကင် ကဆင်းသက်တဲ့ ရှားမှရှား မိုးကျရွှေကိုယ်ဆိုလဲ သူနဲ့ တူမယ့်တန်မယ့် ပါဝါရိမ်းကျား သွားယူလေ...

"ဂိုဏ်းချုပ်ကို လက်ထပ်ချင်တဲ့သူတွေက အရမ်းများတယ်" သူမက တည်ငြိမ်စွာ ဆက်ရှင်းပြသည်.. "သခင်လေးက ဂိုဏ်းချုပ်ကို သခင်လေးမှ သခင်လေး တန်းတန်းစွဲစေချင်ရင်တော့ ကာမအနုပညာ တစ်အုပ်လုံးကို ဖွတ်ဖွတ်ညက်ညက်ကျေအောင်လေ့ကျင့်ထားမှရမယ်"

ချန်လင် ငယ်ထိပ် မိုးကြိုးပစ်သွားသည်.. အဲ့ဒီစကားကို ဘယ်လိုမျက်နှာအနေအထားနဲ့ ပြန်တုံ့ပြန်ရမလဲပင်မသိ..

" စလို့ရပြီလား.." ချန်လင်က ဘာမှမပြောနိုင်ဘဲ သူ့ကို ပါးစပ်အဟောင်းသားနဲ့ တော်တော်ကြာကြည့်နေတာကြောင့် သူမက မေးလိုက်သည်..

"ဗိုက်အောင့်တယ်" ချန်လင် ဗိုက်ကို ဖိကာပြောလိုက်သည်.. ဆရာမ ဘာပြောရမယ်မသိတော့..
"ကျွန်တော်တို့ မနက်ဖြန်မှသင်တာပေါ့" ချန်လင် အမြန်ပြောတာ လွှတ်ခနဲပြေးထွက်လာတော့သည်..
"..."

"ပလုတ်တုတ်.. သခင်လေး ဖြည်းဖြည်း" ပေါင်တိုး က အ၀တွင် သူနဲ့ တိုက်မိမလိုဖြစ်ကာ ချော်မလဲခင် ပြောသည်..

"ပြန်မယ်လာ.." သူ ပေါင်တိုးကို ဂုတ်ကဆွဲကာ ပြေးတော့သည်..

"ဘာဖြစ်တာလဲ သခင်လေး..ဆရာမ ရိုက်လို့လား" ပေါင်တိုးက အထိတ်တလန့်မေးသည်..

Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)Dove le storie prendono vita. Scoprilo ora