အခန်း-၁၄

9.7K 1.6K 83
                                    

"နာမ်ရွှေ့ပြောင်းပြီးနောက် ရတဲ့ စိတ်ညစ်စရာ ခန္တာ"

"ကိုယ်အ၀ှာ မထောင်နိုင်ရင် မင်းဘဲ လင်ရှိရက် မုဆိုးမဘ၀ရောက်သလိုဖြစ်နေရမှာပေါ့" ချင်ရှောင်ယွီက စသည်..

"ပါးစပ်ပိတ်ထား" ချန်လင်က အားကြီးနှင့်ပြောသည်... "လက်မထပ်ဘူး"

"ဘာလို့လဲ" ချင်ရှောင်ယွီကမေးသည်..

ဒီကိစ္စကို ဘာလို့လဲမေးစရာလိုသေးလို့လား ...

ချန်လင်ကပြန်ဖြေသည်..

"ဘာလို့လဲဆိုတော့ မင်းမှာ.... နို့ ...မ....ရှိ....လို့...."

ချင်ရှောင်ယွီ "..."

"ငါ့မိဘတွေက ဘာလို့ အတင်းပေးစားနေလဲ မသိပေမယ့် ငါကတော့လုံးဝသဘောတူမှာမဟုတ်ဘူး"
ချန်လင် ကုတင်ပေါ်မှာ တပလ္လင်ခွေထိုင်ပြီးပြောလိုက်သည်.. "အဲ့တော့ မင်းမိန်းမနဲ့ ကလေးရတာ မနှောင့်နှေးချင်ရင် စောစောလမ်းခွဲတာကောင်းမယ်"

"မိန်းမနဲ့ ကလေး?" ချင်ရှောင်ယွီက ညစ်ကျယ်ကျယ်ပြုံးသည်..

မိန်းမမလိုချင်လဲ ရတယ် ချန်လင်စိတ်ထဲကတွေးလိုက်သည်.. ငါ့မနှောင့်ယှက်ရင်တော်ပြီ..

"မင်းအတိတ်မေ့ပြီးနောက်... ပိုပြီး မြတ်နိုးဖို့ကောင်းလာတယ်" ချင်ရှောင်ယွီက မေးကိုသပ်ရင်းပြောသည်...

"အရင်က ဘယ်လိုမို့လို့လဲ" ချန်လင် သိချင်စိတ်နှင့်မေးလိုက်သည်..

"တစက်မှမကောင်းဘူး..."

***********************
ချင်ရှောင်ယွီက သူ့ကိုတိတ်ရိုက်ပြောတာမဟုတ်ဘဲ အရင် ချန်လင်ကိုပြောမှန်းသိပေမယ့်.. ရင်ထဲ မကောင်းတော့ဖြစ်သွားသည်.. ထို့ကြောင့် သူ လက်ခလယ်ထောင်ပြလိုက်သည်..

"အဲ့တာ ဘာအဓိပ္ပာယ်လဲ" ချင်ရှောင်ယွီကမေးသည်..

"မင်းကို လူတော်လူကောင်းလို့ ချီးကျူးတာ" ချန်လင်က တွေဝေမနေဘဲ ပြန်ဖြေလိုက်သည်..

ချင်ရှောင်ယွီကပြုံးသည်.. သို့သော် မျက်လုံးများကတော့ မပြုံးပါ.. "မင်းမျက်နှာလေးတပုံစံတည်းဖြစ် နေတာကြောင့်သာမဟုတ်ရင် မင်းဟာနောက်တစ်ယောက်ပဲလို့ ကိုယ်ထင်မိမှာပဲ ရှန်ချန်လင်"

Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)Dove le storie prendono vita. Scoprilo ora