အခန်း-၄၇

763 98 3
                                    

အခန်း-၄၇

ညည်းသံ

"မြေခွေးမိစ္ဆာ?"  ချင်ရှောင်ယွီက မျက်မှောင်ကြုတ်သည်..

"ဟုတ်ပါတယ်" အရိပ် တပ်သားက အလွန်မျက်နှာပူနေပုံ ပေါ်သည်.. "ဂိုဏ်းချုပ် သွားကြည့်လိုက်ရင် သိပါလိမ့်မယ်"

သူတို့ ဂိုဏ်းချုပ် ရောက်လာပြီး အခန်းထဲကို ဝင်သွားတာနဲ့ ရှိသမျှ သက်တော်စောင့်အကုန်လုံးက လွတ်ရာ ကို ကျဲ ခနဲ ထွက်ပြေးကြသည်.. သရဲတွေ့သလို...

ကျွန်တော်တို့ ဘာမှ မကြားဘူးနော်..

ကြင်ယာတော်က ဂိုဏ်းချုပ်ပြန်လာအောင် နည်းမျိုးစုံနဲ့ကို ကြိုစားတာပဲ.. ဘေးလူတွေ သည်းမခံနိုင်လောက်အောင်ပဲ...

ချင်ရှောင်ယွီ အခြေအနေကို နားမလည်နိုင်ပါ.. သူလက်ဆန့်ပြီး တံခါးဖွင့်လိုက်ချိန်မှာပဲ အခန်းထဲကနေ ညှို့ငင်အားပြင်းသည့် ညည်းသံတခုကို ကြားလိုက်ရသည်..

.....

"လင်အာ?" ချင်ရှောင်ယွီ အမြန် ပြေးဝင်ကာ ကုတင်ဘေးတွင်ဝင်ထိုင်လိုက်သည်..

ချန်လင် ရဲ့ အင်္ကျီတွေက ဖရိုဖရဲဖြစ်နေပြီး ပါး လေးများက သွေးရောင်လွှမ်းနေသည်.. မျက်လုံးတွေက ဝေဝါးနေပြီး စိတ်အလိုမကျဟန်ပေါ်သည်...

"ဘာဖြစ်တာလဲ" ချင်ရှောင်ယွီက သူ့ကို တွဲထူပေးကာ ထိုင်စေလိုက်ပြီးမေးသည်..

ချန်လင်က သူ့ရင်ခွင်ထဲခွေခွေလေးဝင်ကာ အချစ်ခံချင်နေတဲ့ ကြောင်လေးလို ပွတ်သပ်နေ၏..

ချင်ရှောင်ယွီက လက်တစ်ဖက်ဖြင့် သူ့ကိုဖက်လိုက်ပြီး ကျန်လက်တစ်ဖက်က သွေးခုန်နှုန်းကိုစမ်း လိုက်သည်. အနည်းငယ်မြန်နေတာက လွဲလို့ ဘာမှ ထွေထွေထူးထူး ဖြစ်မနေပါ..

"အင်း...." ချန်လင်က ညည်းလိုက်သည်.. တကယ်ကို အကောင်းစား ဆွဲဆောင်မှုပဲ..

"ကိုယ့်ကိုပြော ဘယ်နားနေလို့မကောင်းတာလဲ" ချင်ရှောင်ယွီက သူ့ကို ရင်ခွင်ထဲထည့်ဖက်ထားရင်းမေးသည်..

"ပူတယ်" ချန်လင်က မသဲမကွဲ ပြန်ဖြေသည်..

"လိမ္မာတယ်နော်" ချင်ရှောင်ယွီက သူ့ကျောကို ဖြည်းဖြည်း ပုတ်ပေးသည်.. သူ့လှုပ်ရှားမှုက ငြင်သာပေမယ့်လို့ သူ့မျက်နှာကတော့ ကြောက်ဖို့ကောင်းလောက်အောင် တင်းမာနေ၏..

Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)Donde viven las historias. Descúbrelo ahora