အခန်း-၂၂
အသေသတ်လုပ်ကြံခြင်း
ဆိုင်တဖက်မှာတော့ သရွှယ်ပိုင်က ဘယ်ရောက်လို့ ဘယ်ပေါက်နေတယ်မသိ.. ချန်လင်ကိုခေါ်ကာ သူတို့၂ဦး လမ်းတလျှောက် အေးအေးလူလူ လမ်းလျှောက်ခဲ့ကြသည်.. ဘေးတဖက်တချက်စီတွင် ချုံနှင့် ဗာဒံပင်များက စီစီရီရီနှင့် သဘာဝအတိုင်းကို လှပနေကြသည်.. သို့ပေမယ့် ချန်လင်ကတော့ ရှုခင်းခံစားဖို့စိတ်မပါပါ.. ခုနက အဘိုးပြောသည့် စကားများသာ နားထဲကြားယောင်နေသည်..
"သတိထား" ချင်ရှောင်ယွီက သူ့လက်ကိုအမြန်လှမ်းဆွဲလိုက်သည်..
ချန်လင်အသိဝင်သွားပြီး ဗွက်အိုင်ကို နင်းမိတော့မလိုဖြစ်နေတာ သတိထားမိသွားသည်..
"ဘာတွေတွေးနေတာလဲ" ချင်ရှောင်ယွီကမေးသည်..
"ဘာမှတော့ မဟုတ်ပါဘူး" ချန်လင် ဒီလိုပဲခေါင်းခါပြလိုက်သည်.. စိတ်ကတော့ ဒီမှာမရှိ..
"အဘိုးအိုက တခုခု ပြောလိုက်လို့လား" ချင်ရှောင်ယွီက သူ့နားရွက်ကို ဆွဲဆိတ်လိုက်ပြီးမေးသည်..
ချန်လင် လန့်သွားသည်..
"ပြော" ချင်ရှောင်ယွီက ခေါင်းမာစွာဆက်မေးသည်.. "မင်းအနာဂတ်ကို ဘာဖြစ်မယ် ညာဖြစ်မယ် ဟောလိုက်လို့လား"
ချန်လင် မျက်မှောင်ကြုတ်လိုက်မိသည်.. "ဘယ်လိုလုပ်သိတာလဲ?" စိတ်ပုတ်ပြီး ခိုးနားထောင်လိုက်တာ လို့တော့ မပြောနဲ့တော့..
"မှန်းကြည့်တာ" ချင်ရှောင်ယွီက ရယ်ပြီးပြောသည်.. "ချန်းမူတောင်ပေါ်မှာ နာမည်အကြီးဆုံးက ပူတု ဘုန်းကြီးကျောင်း.. နှစ်တိုင်းရာသီတိုင်းလှူတဲ့ အမွှေးတိုင်တွေဆိုတာရေတောင် မရေနိင်ဘူး..အားလုံးကလဲ နတ်ဒေဝါတွေကို လာဆုတောင်းလေ့ရှိတယ်.. ကြာတော့ အနီးက လူတွေက လည်လာကြတယ်.. ခရီးသွားတွေကို ဗေဒင်ဘာညာ ကောင်းတာလေးတွေပြောတတ်တယ်.. အဓိကက ပျော်သွားဖို့ပဲလေ"
သူပြောသလိုတော့ ရိုးရှင်းတဲ့ အရာ မဟုတ်ခဲ့.. ချန်လင် ကတ္ထီပါအိတ်လေးကိုသွားစမ်းမိသည်.. ပြောရရင် သူကမသေမျိုးတော့မဟုတ်ပေမယ့်.. မသေမျိုးလိုတော့ ဖြစ်နေတာပဲလေ..
YOU ARE READING
Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)
Romanceအသက် ၂၂ နှစ်မှာ ရှန်ချန်လင်တစ်ယောက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့တယ်။ ဆုကိုကိုင် မျက်ရည်လေးဝဲပြီး ကျေးဇူးတင်စကားပြောနေချိန်မှာပဲ မျက်နှာကျက် ကအစိတ်အပိုင်းတစ်ခုဟာ သူ့ခေါင်းပေါ်ကွက်တိပြုတ်ကျသွားတယ်။ အဲ့နောက်တော့ သူဟာ အချိန်တွေကိုနောက်ပြန်...