အခန်း-၂၇
စာအုပ်အသေးလေးတစ်အုပ်
"ပြန်ကြမလား" ချင်ရှောင်ယွီကမေးသည်..
ချန်လင် ခေါင်းညိတ်ပြလိုက်သည်..သူတို့ ချကြမယ်ဆိုရင်တောင် သူများအိမ် သူများမွေးနေ့မှာမဖြစ်သင့်ပေ...
"လေးစားရပါသောဆရာနဲ့ သခင်ဝမ်.. ကျွန်တော်နဲ့ လင်အာ ပြန်လိုက်ပါအုန်းမယ်" ချင်ရှောင်ယွီက အမူအယာ ယဉ်ကျေးစွာဖြင့်ပြောသည်...
မြို့ခေါင်းဆောင် ပျော်သွားသည်.. ဒီတခါတော့ သူ့နာမည်ကို မှန်အောင်ပြောပြီ....
"ရောက်လာပြီးမှတော့ ပွဲကိုတော့ ပြီးအောင်တက်သွားဦးလေ" ရှောင်ကျန်းက ပြောကာ သူတို့ကိုတားလိုက်သည်..
မြို့ခေါင်းဆောင်ရဲ့ ဖြီးနေတဲ့ မျက်နှာ ပြန်မဲ့သွားသည်.. မတက်ဘဲပြန်လဲရပါတယ် လို့ သူဝင်ပြောချင်ပေမယ့် အခုအခြေအနေအရ... အရူးသာ ဝင်ပြောရဲပေလိမ့်မည်.. တောင်းပန်ပါတယ် အမြန်ကြွကြပါတော့.. သူဘာမှမတတ်နိုင်ဘဲ တွေးမိသည်.. အစောတည်းက ဒီလိုသိုင်းလောကကလူတွေကို မဖိတ်ပဲနေရမှာ... သူတို့ကိုဖိတ်တာ ပတ်ဝန်းကျင်ကအထင်ကြီးပြီး မျက်နှာရတာမှန်ပေမယ့်.. ဖိတ်လေရာအရပ်မှာ ပရိဘောဂတွေ တစစီကျိုးပဲ့ကုန်တာတော့ ဘယ်သူမှမသိလောက်ဘူး..
"ကျွန်တော်..ကျွန်တော်တို့ ပြန်မှာပါ" ဦးလေးရယ် ငိုတော့ မငိုချလိုက်ပါနဲ့.. ချန်လင် သူ့မျက်နှာကြည့်ကာ လန့်သွားပြီး.. အားနာနာဖြင့်.. ချင်ရှောင်ယွီကိုအတင်းဆွဲကာ အပြင်သို့ ထွက်လာလိုက်သည်...
"ကိုယ်နဲ့ စကားလေးဘာလေး မပြောချင်တော့ဘူးလား" ရှောင်ကျန်းက လက်တဖက်ထုတ်ကာ သူ့ရှေ့မှာ ကာပြီး တားလိုက်သည်...
ဘယ်သူက မင်းနဲ့ စကားပြောချင်မှာလဲ!!!ချန်လင် သူ့ကိုဒေါသဖြင့် ကြည့်လိုက်သည်.. "လမ်းဖယ်" ငါ့မျက်လုံးတည့်တည့်ကိုကြည့်ဖို့ မင်းကို ဘယ်သူက ခွင့်ပြုလို့လဲ....
"တကယ်ကို အေးစက်ပြီး အသဲမာလွန်းပါတယ်" ရှောင်ကျန်းက ခေါင်းကိုခါသည်.. "သွမ်ချင်းမန်မှာတုန်းကတော့ မင်းအပြုအမူတွေက ဒီလိုမဟုတ်ပါဘူး"
YOU ARE READING
Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)
Romanceအသက် ၂၂ နှစ်မှာ ရှန်ချန်လင်တစ်ယောက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့တယ်။ ဆုကိုကိုင် မျက်ရည်လေးဝဲပြီး ကျေးဇူးတင်စကားပြောနေချိန်မှာပဲ မျက်နှာကျက် ကအစိတ်အပိုင်းတစ်ခုဟာ သူ့ခေါင်းပေါ်ကွက်တိပြုတ်ကျသွားတယ်။ အဲ့နောက်တော့ သူဟာ အချိန်တွေကိုနောက်ပြန်...