အခန်း-၄၁

6.8K 691 98
                                    

အခန်း-၄၁

ထိုနေ့ညမှာပဲ ချုံဟွာမြို့ထဲမှာ ရုတ်ရုတ်သဲသဲတခုထပ်ဖြစ်ပြန်တယ်..

မြို့အရှေ့ဘက်က ဆရာတစ်ယောက်နဲ့ မြို့အနောက်ဘက်က စားသောက်ဆိုင် စားပွဲထိုးလေးတစ်ယောက်.. နှစ်ယောက်လုံး ပန်းသူခိုးလက်ချက်မိသွားကြတယ်.. အခု သူတို့ နှစ်ယောက်လုံး အိမ်တွင်းအောင်းနေကြပြီး.. သတင်းသွားမေးကြတဲ့ အိမ်နီးချင်းတွေ အပြောအရ တော်တော် စိတ်ဆင်းရဲနေကြတယ် ကြားတယ်..

မြို့ထဲမှာ မကျေမနပ်ပြောသံတွေက လဲ ဟိုတစ ဒီတစ စကြားနေရလေပြီ.. ဂိုဏ်းချုပ် ချင်က သာမန်လူတန်းစားတွေကို ခေါင်းထဲမရှိဘူး.. သူ့ ရဲ့ ရှန်သခင်လေးနားကပ်ပြီး တီးတိုးတီးတိုး လုပ်နေရတာပဲ သဘောကျနေတယ်.. ဘာသူရဲကောင်းလို့မှ မခေါ်ထိုက်ဘူး.. အားလုံးစိတ်ပျက်နေကြပြီ စသဖြင့် မြို့သူမြို့သားတွေရဲ့ ရင်ထဲက ခံစားချက်တွေကလဲ ပွင့်အန်စပြုနေလေပြီ..

"မင်းစိတ်မဆိုးဘူးလား?"  ထိုသတင်းကိုပြန်ကြားပြီးနောက် ချန်လင်က ချင်ရှောင်ယွီကို ခပ်လန့်လန့်ဖြင့်မေးသည်..

"သူတို့ပြောချင်ရင်ပြောပါစေပေါ့.. ဘာလို့စိတ်ဆိုးရမှာလဲ" ချင်ရှောင်ယွီက ခပ်ပြုံးပြုံးဖြင့်ဖြေပြီး သူ့မေးကို လှမ်းဆိတ်သည်.... "ဇနီးလေးက ကိုယ့်အစားစိတ်တိုနေတာလား"

"မင်းအတွေးလွန်နေပြီ" ချန်လင်က သူ့လက်ကို ပုတ်ထုတ်လိုက်ပြီးပြောသည်.. "အမှန်ပြောရရင် ငါက သူတို့ဘက်ကိုလိုက်ပြီးတော့ မင်းကို ဆူပစ်ချင်တာ"

ချင်ရှောင်ယွီကမေးသည်.. "နေ့လည်ဘာစားချင်လဲ"

စားအုန်းမယ် ဟုတ်လား?...... ချန်လင်က ချင်ရှောင်ယွီခေါင်းကို တဘုတ်ဘုတ်နှင့်ပုတ်ရင်းမေးလိုက်သည်.. "ထုံးစံဆိုရင် ပြဿနာကို ဘယ်လိုရှင်းရမလဲ တွေးရမှာ မဟုတ်ဘူးလား"

"ပြဿနာကိုရှင်းရမယ်ဆိုရင် ပန်းသူခိုးကို စောင့်ကြည့်တဲ့နည်းပဲရှိတယ်" ချင်ရှောင်ယွီက အပြင်ဘက်သို့ သူ့ကိုဦးဆောင်ခေါ်ရင်း ပြောသည်.. " ဒီလိုကိစ္စသေးသေးလေးကို ပြောမနေနဲ့တော့"

ကိစ္စသေးသေးလေးဆိုရင်လဲ သွားမြန်မြန်ရှင်းပေးလိုက်တော့လေကွ.. ဘာလို့ သူများတွေဆဲဆို ပြစ်တင်တာကို ခံနေတာလဲ... ချန်လင်စိတ်ထဲနေလို့မရပေ..."မင်းမှာ ဘာသဲလွန်စရှိသေးလို့လဲ"

Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)Where stories live. Discover now