"တိုက်ပေါ်ကခုန်ချတဲ့အချစ်ရူး"
တောင်ခြေက ဈေးက လူစည်ကားလျက်ရှိသော်လဲ.. ချန်လင်တစ်ယောက်မပျော်နိုင်ပါ.. ဦးထုပ်က ကြီးလွန်းသည်... မျက်နှာကိုဖုံးသော်လဲ ယားသည် ရှုပ်သည်..
"ရေနွေးဆိုင်မှာသွားထိုင်သောက်ကြမလား"
ပါးပွတ်လိုက် နားကုတ်လိုက်လုပ်နေသော သူ့ကို ပေါင်တိုးက သနားသလိုကြည့်ပြီးပြောသည်..
ချန်လင် ချက်ချင်းသဘောတူလိုက်သည်.. ဒီ ဦးထုပ်စုတ်ကို ချွတ်လို့ရရင်ပြီးရော.. ရေနွေးဆိုင်မပြောနဲ့ ဆောင်ကြာမြိုင်ဆိုလဲရတယ်..
သူတို့နှစ်ဦး အခန်းသီးသန့်တခန်းငှားကာဝင်လိုက်သည်.. ဦးထုပ်ကိုလဲ ချက်ချင်းချွတ်ကာ ကြမ်းပေါ်ပစ် လိုက်သည်..
"သခင်လေး အရင်ထိုင်နှင့်ပါ ကျွန်တော် စားစရာနဲ့ အသီးအနှံ ယူခဲ့မယ် ..ဘာစားချင်တာရှိလဲ"
"ပဲမုန့်" ချန်လင် ပြတင်းဘောင်ကိုမီရင်းဖြေလိုက်သည်.. မြင်ကွင်းကိုလဲ မဆိုးဘူးဟုထင်မိသည်..
မျက်နှာချင်းဆိုင်က သုံးထပ်အဆောက်အအုံဖြစ်သည်..တေးသံတချို့နှင့် ရယ်သံများပြည့်နှက်ကာ တက်ကြွသည့်လေထုကိုခံစားရသည်...
နေပါဦး..ဒါ အစ်ကို၂ သူ့ကောင်မလေးကိုရွေးလာတဲ့ ဆောင်ကြာမြိုင်မဟုတ်ဘူးလား.. ထိုသို့တွေးမိလိုက်သည်နှင့် ချန်လင် စိတ်လှုပ်ရှားသွားသည်..
"သခင်လေး ဘာကြည့်နေတာလဲ" ပေါင်တိုးက အခန်းထဲဝင်လာပြီးနောက် သိချင်စိတ်နှင့်မေးသည်.. ဘာလို့များသခင်လေးမျက်နှာက တက်ကြွနေပါလိမ့်..
"ငါအဲ့ဒိကိုသွားဖူးလား" ချန်လင်က တဖက်တိုက်ကို လက်ညှိုးထိုးပြပြီးမေးသည်..
ပေါင်တိုးကခေါင်းခါသည်.. "ဘယ်သွားဖူးရမှာလဲ.. သွားဖို့ မပြောနဲ့ သခင်လေးက မျက်လုံးနဲ့တောင်စွေမကြည့်ဘူး"ဒါပေမယ့် အခု သွားချင်တယ်လေ.. ချန်လင် ပေါင်တိုးကို မျှော်လင့်သည့်မျက်ဝန်းများဖြင့် ကြည့်လိုက်သည်.. ပေါင်တိုးကလန့်သွားသည်..
"သခင်လေးသွားချင်လို့တော့ မဟုတ်ပါဘူးနော်.. ဒါတော့ လုံးဝမဖြစ်နိုင်ဘူးနော်..မရဘူး"
"ကြည့်ရုံပဲတောင်မရဘူးလား" ချန်လင် စိတ်ပျက်သွားသည်.. ဒါမျိုးတွေက ဒီခေတ်အခါထဲမှာပဲရှိတာ..နည်းနည်းလေးတော့သူလဲလေ့လာချင်တာပေါ့..
YOU ARE READING
Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)
Romanceအသက် ၂၂ နှစ်မှာ ရှန်ချန်လင်တစ်ယောက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့တယ်။ ဆုကိုကိုင် မျက်ရည်လေးဝဲပြီး ကျေးဇူးတင်စကားပြောနေချိန်မှာပဲ မျက်နှာကျက် ကအစိတ်အပိုင်းတစ်ခုဟာ သူ့ခေါင်းပေါ်ကွက်တိပြုတ်ကျသွားတယ်။ အဲ့နောက်တော့ သူဟာ အချိန်တွေကိုနောက်ပြန်...