အခန်း-၅၄

1.4K 128 14
                                    


လှိုက် တစ်ခု လုံးက ကျောက်တုံးနံရံတွေနဲ့ ပြုလုပ်ထားသည့်အတွက် ခြေရာအစအန ကိုလုံး၀ရှာမရပါ..  တစ်ရက်ကြာပြီးတာတောင် ချန်လင့် အသံကို မကြားရတော့ ယဲ့ကျင်းက မျက်မှောင်ကြုတ်ရင်းပြော သည်.. "ဒီထဲက ထွက်သွားကြပြီထင်တယ်"

"ချုံဟွာတောင်ကြားလိုနေရာကနေ ဘယ်လို ထွက်နိုင်တာလဲ" ချင်ရှောင်ယွီကမေးသည်..

ယဲ့ကျင်းက အမြန်ပင် ဟွာထန်အနောက်ဘက်သို့ပြေးဝင်ပုန်း၏..

ဘယ်လက်ရုံးက တည်ငြိမ်စွာပင်ပြောသည်.. "ဂိုဏ်းချုပ်သာ ခုတ်ဖြတ်ပစ်ချင်ရင် ငယ်သားက ကြိုးတုပ်ပေးပါမယ်"

ယဲ့ကျင်း .......

မင်းတို့ ဓားပြဂိုဏ်းလား.. ကျိုးကြောင်းလေးဆီလျော်ကြပါဦး...

"ပြောလေ!!!"ချင်ရှောင်ယွီ မျက်ဝန်းများက မီးဝင်းဝင်းတောက်နေ၏..

အဲ့လို လူသတ်မယ့်ပုံမလုပ်ပါနဲ့.!!! ယဲ့ကျင်းက သတိကြီးစွာဖြင့် ပြန်ဖြေသည်.. "သာမန်လူတွေအတွက်တော့ ချုံဟွာတောင်ကြားက သေလမ်းပဲရှိတဲ့ ၀င်္ကပါကြီး.. ဘယ်လိုမှ ထွက်လို့မရဘူး"

"ဖုန်းကျိုယဲ့ လိုလူအတွက် ဆိုရင်ရော?" ချင်ရှောင်ယွီက မေးသည်...

"ဖုန်းကျိုယဲ့ ဆိုရင်တော့.. မပြောတတ်ဘူး" ယဲ့ကျင်းကပြောသည်.. "ဒါပေမယ့် မင်းလို ထိပ်တန်းသိုင်းပညာရှင် မျိုးဆိုရင်တော့ ချုံဟွာတောင်ကြားက ထွက်ပေါက်တွေ အပြည့်ပဲ"

ပွဲပြီးပြီ...

ဟွာထန်စိတ်ထဲက ပြော၏..

သခင်ယဲ့ . ခဗျားတော့ ကောင်းချီးပေးခံရတော့မယ်..

"ရှောင်၀ူ!!"  ချင်ရှောင်ယွီ ကျောက်ရုပ်မျက်နှာဖြင့်လှမ်းခေါ်လိုက်သည်..

"ငယ်သား ရှိပါတယ်"  ကျောက်၀ူက မတ်တပ်ရပ်လိုက်သည်..

"ချုံဟွာမြို့ တံခါးကို စောင့်တဲ့ အစိုးရအဖွဲ့ကို ဆက်သွယ်လိုက်" ချင်ရှောင်ယွီကပြောသည်.. "ဟွာထန်နဲ့ ဖန်းရန်က ဂိုဏ်းသားတွေခေါ်ပြီး တစ်မြို့လုံး အတွင်းအပြင် ပိုက်စိပ်တိုက်ရှာ သဲလွန်စတစ်ခုခုတွေ့တာနဲ့ ချက်ချင်း သတင်းပို့"

Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)Where stories live. Discover now