"တနေ့လုံး ဘာမှမစားရသေးဘူး" ချန်လင် က သိသိသာသာ အသံကို ဖိပြီးပြောလိုက်သည်.."ကောင်းပြီ" ချင်ရှောင်ယွီက သူ့ကို ပဲစိမ်းတစ်ဖက်ခွံ့ ကျွေးသည်..
"ကြက်ပေါင်တစ်ချောင်းလောက်တော့ ကျွေးသင့်ပါတယ်" ချန်လင်က ဆန္ဒပြသည်.
"မနက်ဖြန်မနက်ကစပြီး ကိုယ်မင်းကို သိုင်းပညာသင်ပေးမယ်" ချင်ရှောင်ယွီက စကားလမ်းကြောင်းလွှဲလိုက်သည်.
သေစမ်း!! ပါးစပ်ထဲက အစိမ်းရောင် အသီးအရွက်ကိုတောင်ဂရုမစိုက်နိုင်တော့ဘဲ သူ့ကို ကြောင်ကြည့်မိသည်..
ဒါ ထင်ယောင်ထင်မှားဖြစ်တာလို့ ငါ့ကို တစ်ယောက်ယောက်လာပြောပေးစမ်းပါ! ..
အရိပ်ဂိုဏ်းချုပ်ကြီးက အလွန်ပင် ကျေနပ်သလိုပြုံးလိုက်သည်..
ချန်လင် အမြန်မြိုချလိုက်ပြီး "မင်း..မင်း..မင်း နောက်တစ်ခေါက်ထပ်ပြော"
"အရင်ဆုံး အခြေခံဖြစ်တဲ့ လက်ဝှေ့ကနေစကြမယ်" ချင်ရှောင်ယွီကပြောသည်..
မင်းဘိုးအေကို လက်ဝှေ့ပါလား !ချန်လင်က သူ့ကို မျက်ထောင့်နီကြီးဖြင့်ကြည့်လိုက်ပြီး "ငါ့ကို၀တယ်လို့ မင်း တွေးရဲရင် တွေးကြည့်လိုက်"
ချင်ရှောင်ယွီက အရမ်းအံ့ဩသွားဟန် လုပ်လိုက်ပြီး "ဇနီးလေးက ဘာလို့အဲ့လို တွေးရတာလဲ"
"မင်း! ဟန်ဆောင်ကောင်းတဲ့ကောင်" ချန်လင်က မကျေနပ်ပါ..
ချင်ရှောင်ယွီက ရယ်ချင်တာကို ထိန်းပြီး သူ့ရဲ့ နူးညံ့အိစက်နေတဲ့ ပါးလေးကို ညှစ်လိုက်သည်."၀ရင် ၀တယ် ဝန်ခံလိုက်ပါတော့ ငတုံးလေးရဲ့"
"မဝန်ခံဘူးကွ" ချန်လင်က စိတ်ဓာတ်ခိုင်မာစွာ ငြင်းဆန်ပြီးနောက် ထမင်း တစ်ပန်းကန်ကြီး စားပစ်လိုက်သည်.
အသီးအရွက်နဲ့ လည်းစားကောင်းတာပဲနော်..
ချင်ရှောင်ယွီ ခေါင်းတခါခါနှင့်ပြုံးသည်.. ဒါပေမယ့် သူစကားထပ်ပြောမယ့်အချိန်မှာပဲ အခန်း အတွင်း လိုက်ကာကပွင့်သွားပြန်သည်..
"ကျုသခင်လေး " ဂိုဏ်းသားများက နှုတ်ဆက်လိုက်သည်..
ကျုချင်းလန်က အခုလည်း ခရမ်းရောင်ဝတ်ထားတုန်းပဲ ဒါပေမယ့် နည်းနည်းပိန်သွားပြီးတော့ အဖြူရောင်ကျောက်စိမ်းယပ်တောင် တစ်ခုကို ခါးမှာ ချိတ်ထားသည်.. ယဉ်ကျေးပြီး တည်ငြိမ်သော ကြာပန်းနှင့်တူသည်..
YOU ARE READING
Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)
Romanceအသက် ၂၂ နှစ်မှာ ရှန်ချန်လင်တစ်ယောက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့တယ်။ ဆုကိုကိုင် မျက်ရည်လေးဝဲပြီး ကျေးဇူးတင်စကားပြောနေချိန်မှာပဲ မျက်နှာကျက် ကအစိတ်အပိုင်းတစ်ခုဟာ သူ့ခေါင်းပေါ်ကွက်တိပြုတ်ကျသွားတယ်။ အဲ့နောက်တော့ သူဟာ အချိန်တွေကိုနောက်ပြန်...