အခန်း-၄၅

795 109 8
                                    

အခန်း-၄၅

လီပေါ်ဟောက်

နောက်တနေ့ ... ချန်လင် နေ့လည်ခင်းလောက်မှ နိုးလာသည်...အရက်ရှိန်ကြောင့် ခေါင်းကိုက်ရေဆာ မူးနောက်ပြီး တကိုယ်လုံးအားမရှိဖြစ်နေ၏...

"သခင်လေး နိုးပြီလား?" သူချောင်းဆိုးသံကြားတော့ ဟွာထန်က အခန်းထဲသို့ဝင်လာသည်..

"အင်း" ချန်လင်က ထထိုင်လိုက်ရင်း စောင်ကိုပိုက်ထားသည်.. "ခေါင်း အရမ်းမူးတာပဲ"

"အရက်သောက်တာများရင် အဲ့လိုပဲ ဖြစ်တတ်ပါတယ်" ဟွာထန်က ရေတခွက် ကမ်းပေးလိုက်ရင် ဆိုသည်.. "ဂိုဏ်းချုပ် ကငယ်သားကို ငါးဆန်ပြုတ် ပြုတ်ခိုင်းထားပါတယ်.. သောက်လိုက်ပြီးရင်တော့ နေလို့ကောင်းသွားမှာပဲ"

"တခြားလူတွေရော" ချန်လင်က မေးသည်..

"ဂိုဏ်းချုပ်နဲ့ ရှောင်၀ူကတော့ မြို့ပြင်ခဏ ထွက်သွားတယ် ပန်းသူခိုးကိစ္စကိုစုံစမ်းနေကြတာ ဖြစ်မယ်" ဟွာထန်က ပြောသည်.. "ဂိုဏ်းချုပ်က မသွားခင် မှာသွားသေးတယ်.. သခင်လေးအရက်ထပ်မသောက်ရတော့ဘူးတဲ့"

ငါကလည်း အရက်သောက်ရတာ မကြိုက်ပါဘူးနော်... ချန်လင်က စိတ်ထဲကတွေးသည်..

"ချင်းလန်ကို ခေါ်လိုက်ရမလား" သူက စိတ်မပျော်တာကိုမြင်တော့ ဟွာထန်ကပြောသည်.. "သူနဲ့ အတူ ရေနွေးသောက်ပြီး စကားစမြည်ပြောပေ့ါ"

တော်ပါ.. လုံး၀မခေါ်ကြေး.. ချန်လင်က မျက်လုံးလေးမှေးလိုက်ပြီး "သူ့မှ မသိတာ"

"သူကအရမ်းသဘောကောင်းတာ"ဟွာထန်က ဆက်ပြောသည်.. "အသိပညာလည်းကြွယ်ပြီး ရယ်လည်းရယ်ရတယ်"

ဘာတွေများအသိကြွယ်၀တာတုန်း.. ချန်လင်က စိတ်ထဲကနေ ငြင်းသည်.. ကမ္ဘာမြေဆွဲအားအကြောင်းသိသလား ကြယ်တာရာ အစုအဝေးအကြောင်းသိလား.. ဟွမ်ဟွားအဖွဲ့အစည်းမှာ သေနတ်စပစ်တာကကော ဘယ်သူလဲ သူ သိလား.. ဘာမှ သိတာမဟုတ်ဘူး.. ဉာဏ်များဖို့ပဲသိတဲ့ ခရမ်းရောင် ဂေးပါပဲ.. ဘာမှ ထူးခြားမနေပါဘူး..

"ရှောင်၀ူထက် ဘယ်နားများသာလို့လဲ" ချန်လင်က မကြည်မလင်နဲ့ပြောသည်..

ဟွာထန် ......

"မျက်နှာ တစ်ခုပဲကြည့်ပြီး အိမ်ထောင်ပြုလို့မရဘူးလေ.. စိတ်သဘောထားကလည်း အရမ်းအရေးကြီးသေးတယ်" ချန်လင်က အတည်ကြီး ဆုံးမသည်.. "ရှောင်၀ူဆို သိုင်းပညာ အရမ်းထူးချွန်တယ်.. ကိုယ်လုံးလည်းတောင့်တင်းတယ်.. သင့်ကို ကာကွယ်နိုင်မှာ .. ပြီးတော့ အေးပြီး ယောကျာ်းဆန်တယ်.. သူ့ကို လိုချင်နေတဲ့ မိန်းကလေးတွေမှ အများကြီးပဲ.. တကယ် ထပ် မစဉ်းစားပေးတော့ဘူး လား"

Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)Where stories live. Discover now