အခန်း-၄၂
ပန်းသူခိုးကြောင့် ဘ၀ပျက်သွားတဲ့သူတွေကို စိတ်ထဲမှာ တွေးလိုက်ပြီးနောက် သက်ပြင်းတစ်ချက်ချကာ ချန်လင် ကြက်ပေါင်တတုံးကို တူနှင့်လှမ်းယူလိုက်ပြီး ချင်ရှောင်ယွီ ကိုခွံ့လိုက်သည်.. စားစား အဲ့မှာ.. မြိုစို့...
ချင်ရှောင်ယွီက ကြင်နာစွာ ပြုံးသည်.. "ဇနီးလေး ဘာသာ စားပါ.. အရာရာ ကိုယ့်ကိုပဲ ဦးစားပေးမနေပါနဲ့"
ချန်လင် "....."
သွားသေပါလား.. ဘယ်သူက မင်းကို ဦးစားပေးနေလို့လဲ...
မင်းငါ့ကိုအကြပ်ကိုင်ပြီး ကျွေးခိုင်းတာမဟုတ်ဘူးလား... ...!
ဘေးဝိုင်းမှာထိုင်နေတဲ့ အရိပ်တပ်သားတွေကတော့ စားစရာရှိတာစား သောက်စရာရှိတာသောက်နေကာ အသွင်အပြင်က အလွန်တည်ငြိမ်လှသည်.. ဒါပေမယ့် တကယ်တမ်းတော့ သူတို့ စိတ်ထဲမှာ မြိုသိပ်ထားရတဲ့ စကားလုံးတွေနဲ့ မနာလိုမှုတွေကတော့ အပြည့်ပင်.. တယောက်နဲ့ တယောက် အကြည်တွေစိုက်ပြီး နားနားကပ် တိုးတိုး တိုးတိုးတွေပြောနေလိုက်ကြတာ ထမင်းတောင် ကောင်းကောင်းမစားကြဘူး... ဂိုဏ်းချုပ် လူစိတ်ကော ရှိသေးရဲ့လား.. ဒီက အဖော်မဲ့တွေကို ကိုယ်ချင်းစာပါဦး...
စားတာ တဝက်လောက်ကုန်သွားချိန်မှာတော့ ချင်ရှောင်ယွီက ချန်လင့်ကို ခါးမှာ ဆွဲမလိုက်ကာ သူ့ပေါင်ပေါ်တင်လိုက်သည်..
ချန်လင် ချက်ချင်း ပူထူသွားသည်.. မင်းငါ့ကို ဒီလို ထပ်အသားယူနေမယ်ဆိုရင် မင်းကို ကုန်းကုန်းဖြစ်အောင် လုပ်မိတော့မယ်..
"မင်းတင်ပါးက အသားများသားပဲ" ချင်ရှောင်ယွီက အရှက်ကင်းမဲ့စွာ ခပ်တည်တည်ဖြင့်ပြောသည်..
ချန်လင် ဒေါသထောင်းထောင်းထသွားသည်.. မင်းသာ ဖင်ကြီးကောင်...
"စား"ချင်ရှောင်ယွီက တဇွန်းခွ့ံသည်..
"ငါ့ကို ကြည့်ကော ကြည့်နေလို့လား" ချန်လင်က စားလိုက်ရင်းသံသယဖြင့် မေးသည်..
"မပြောတတ်သေးဘူး နည်းနည်းထပ်စောင့်ကြည့်ရမယ်" ချင်ရှောင်ယွီက ဒီလိုမျိုးပဲ စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ရမယ်ဆိုတဲ့လေသံဖြင့်ပြန်ပြောပြီး ဇွန်းထဲက ချန်လင်စားထားတဲ့ တဝက်ကျန်တာကို သူ့ပါးစပ်ထဲထည့်လိုက်သည်...
![](https://img.wattpad.com/cover/204487126-288-k238904.jpg)
YOU ARE READING
Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)
Romanceအသက် ၂၂ နှစ်မှာ ရှန်ချန်လင်တစ်ယောက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့တယ်။ ဆုကိုကိုင် မျက်ရည်လေးဝဲပြီး ကျေးဇူးတင်စကားပြောနေချိန်မှာပဲ မျက်နှာကျက် ကအစိတ်အပိုင်းတစ်ခုဟာ သူ့ခေါင်းပေါ်ကွက်တိပြုတ်ကျသွားတယ်။ အဲ့နောက်တော့ သူဟာ အချိန်တွေကိုနောက်ပြန်...