အခန်း၂၀
"နောက်တခါ မြင်သွားပြန်ပြီ"သားစဉ်မြေးဆက် ၇ဆက်အထိ ကံဆိုးမိုးမှောင်ကျမယ်ဆိုသည့်စကားကြောင့် တခန်းလုံးတိခနဲ တိတ်ကျသွားသည်...
ချန်လင်ကတော့ အကြောပိတ်ခံထားရလို့သာငြိမ်နေတာပါ.. သူသာအကြောပိတ်မခံရဘူးဆိုရင် ထိန်းထားနိုင်မှာမဟုတ်ဘဲ မိုးကောင်းကင်ကို မော့ကြည့်ကာ အော်ဟစ်ရယ်မောပြီး ယောင်ချန်းကို ပြေးဖက်မိမှာဖြစ်သည်...
အကိုကြီး ကတကယ်ကောင်းတဲ့သူတော်ကောင်းကြီးပါဗျာ ဒီကျေးဇူးကို ဘယ်လိုတောင်ပြန်ဆပ်ရမလဲ မသိတော့ပါဘူး..
"ဆွေစဉ်မျိုးဆက် ၇ဆက်ဟုတ်လား" ချင်ရှောင်ယွီက မျက်ခုံးတချက်ပင့်ပြီးပြောသည်.. "ဘယ်က မွေးတဲ့ ဆွေစဉ်မျိုးဆက် ၇ဆက်လဲ မင်းပြောကြည့်စမ်း"
ချန်လင်လဲ သိချင်လို့ နားရွက်ထောင်သွားသည်...
"ဘ၀ ၇ဆက်ကိုပြောတာပါ... ပထမဘ၀မှာ ဂိုဏ်းချုပ်ဟာ ကောင်းကင်ဘုံက အမတ မသေမျိုးပါ" ယောင်ချန်းက ပြတ်ပြတ်သားသား သွက်သွက်လက်လက်နှင့်ပြောသည်.. "ချောမောပြီး မိမိကိုယ်ကို ယုံကြည်မှုရှိတယ်.. သိက္ခာရှိတဲ့ အသွင်အပြင်နဲ့ ထူးချွန်မှုရှိတဲ့ ဟန်ပန်.. မဟုတ်မခံ အမှန်တရားကို ကိုးကွယ်ပြီး ကျန်းမာခြင်းပြည့်စုံတဲ့ အဆင်းရောအချင်းပါ ပြိုင်ဘက်ကင်းသူတစ်ဦး"
ချန်လင် ထိုလူကို လေးစားမှုအပြည့်နဲ့ကြည့်မိသည်.. သူ့ အဖား လယ်ဗယ်က new level ဖြစ်သွားပြီ..
"သူကရော"ချင်ရှောင်ယွီက ချန်လင့်ခေါင်းကို လက်ညှိုးနှင့် တောက်ခနဲ ခေါက်လိုက်ပြီးမေးသည်..
သူများခေါင်းကို ဒီလိုခေါက်စရာလား.. ချန်လင် စိတ်ထဲကနေရန်တွေ့လိုက်သည်.."ရှန်သခင်လေးကတော့..အင်း.. အဲ.. အမှန်တော့"ယောင်ချန်းက ပြောရခက်နေသည်..
ဘာဖြစ်လဲ ပြောလေ မြန်မြန် ချန်လင် သိချင်စိတ်ဖြင့် စိတ်ထဲကလောမိသည်.. မြန်မြန်မပြောရင် ကုန်းကုန်းဖြစ်ပါစေ..
YOU ARE READING
Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)
Romanceအသက် ၂၂ နှစ်မှာ ရှန်ချန်လင်တစ်ယောက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့တယ်။ ဆုကိုကိုင် မျက်ရည်လေးဝဲပြီး ကျေးဇူးတင်စကားပြောနေချိန်မှာပဲ မျက်နှာကျက် ကအစိတ်အပိုင်းတစ်ခုဟာ သူ့ခေါင်းပေါ်ကွက်တိပြုတ်ကျသွားတယ်။ အဲ့နောက်တော့ သူဟာ အချိန်တွေကိုနောက်ပြန်...