"မှားယွင်းစွပ်စွဲသော အသေစောချင်နေသူတချို့"
"အမေ့ကိုသေချာပြောပြ" ရှန်ကတော်က သေသေချာချာကြည့်ပြီး မေးသည်.. "သူကဘာလုပ်လိုက်လို့လဲ"
သူဘာမှတော့မလုပ်လိုက်ပါဘူး... ချန်လင် စိတ်ထဲကတွေးသည်.. သူအလိုမတူဘဲ အတင်းသစ်ပင်ပေါ် ချီသွားတာပဲရှိတာ....ဒါပေမယ့် ဒီလိုအခြေအနေမျိုးမှာ အရူးပဲ အမှန်အတိုင်းပြောလိမ့်မယ်.. အဲ့တာကြောင့် ချန်လင်က ဘာမှပြန်မဖြေဘဲ မျက်ရည်များဝဲပြီး ခေါင်းငိုက်စိုက်နေပြလိုက်တယ်..
ထိုမြင်ကွင်းကြောင့် ရှန်ကတော်ရဲ့ နှလုံးသားတွေ တစစီ ကွဲကြေကုန်သည်.. သူမက ချက်ချင်းအနောက်သို့လှည့်ကာ ရှန်ချန်ဖုန်းကို ပါးပိတ်ရိုက်ထည့်လိုက်သည်...
ချန်လင် "....."
အမေ မျက်လုံးမကောင်းတာလား... လူမှားနေပြီ...
ချန်ဖုန်းလဲ ကြောင်သွားသည်.. "ကျွန်တော့်ကိုဘာလို့လာရိုက်တာလဲ"
"ပြန်ပြောရဲသေးတယ် ဟုတ်လား" ရှန်ကတော်က မျက်ခုံးတဖက်ကို ပင့်ပြီးမေးလိုက်သည်..
ချန်ဖုန်းက အမြန်ပြန်ဖြေသည်.. "မပြောရဲပါဘူး""မင်းနေ့တိုင်းရှောင်ယွီနဲ့ အတူရှိနေတာ... ဒါတောင် သူ့ကို ကောင်းတဲ့အရာတွေ မသင်ပေးထားဖူးလား" ရှန်ကတော်က ဒေါသတကြီးဆက်ပြောသည်.. "ဒီတခေါက်တော့ထားလိုက်တော့... ဒါပေမယ့် နောက်တခါ လင်အာကိုသူအနိုင်ထပ်ကျင့်ရင် ဘိုးဘေးတွေရဲ့ ကမည်းတိုင်ရှေ့မှာ ဒူးထောက်ပြီး သူတို့ အဆုံးအမကျမ်းကို အခါသုံးရာကူးရမယ်"
ချန်လင် သူ့အကို ကို သနားသွားရသည်..
"အမေဘာလို့ ရှောင်ယွီကို အပြစ်မပေးတာလဲ" ချန်ဖုန်းက သူ့ကံဆိုးခြင်းများကို ချင်ရှောင်ယွီဘက်လွှဲဖို့ ကြိုးစားသည်.. "သူလဲ ရှန် အိမ်သား တ၀က်ဖြစ်နေပြီပဲ"
"သူ့ကို ငါ အခု အပြစ်သွားပေးရင် ဟိုကမကျေမနပ် ဖြစ်ပြီး လင်အာနဲ့လက်ထပ်ပြီးချိန်ကျ လင်အာကို ပညာပေးရင်ဘယ်လိုလုပ်မလဲ" ရှန်ကတော်ကသူ့ကိုဆက်မေးသည်.. "မင်းသာ ခန်းဝင်ပစည်းအနေနဲ့ လိုက်သွားပြီး ကာကွယ်ပေးမယ်ဆို ငါအပြစ်သွားပေးမယ်"
![](https://img.wattpad.com/cover/204487126-288-k238904.jpg)
YOU ARE READING
Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)
Romanceအသက် ၂၂ နှစ်မှာ ရှန်ချန်လင်တစ်ယောက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့တယ်။ ဆုကိုကိုင် မျက်ရည်လေးဝဲပြီး ကျေးဇူးတင်စကားပြောနေချိန်မှာပဲ မျက်နှာကျက် ကအစိတ်အပိုင်းတစ်ခုဟာ သူ့ခေါင်းပေါ်ကွက်တိပြုတ်ကျသွားတယ်။ အဲ့နောက်တော့ သူဟာ အချိန်တွေကိုနောက်ပြန်...