အခန်း-၃၁

9.4K 1.6K 149
                                    

အခန်း-၃၁

ပီးပြီးရောပြောတဲ့လူ

"ဒီငယ်သား ကိုယ်တိုင် လိုက်ရမလား" ဟွာထန်က မေးသည်..

"ဖန်းရန် ကိုဒီည အဲ့ဒိတာဝန်ပေးလိုက်မယ်" ချင်ရှောင်ယွီကပြောသည်.. "မင်းလုပ်တာများနေပြီ နားဦး"

"ဟုတ်တယ်" ဖန်းရန်က ထောက်ခံသည်.."နောက်တခါဆို နည်းနည်း သိမ်မွေ့ဦး.. မိန်းကလေးဖြစ်ပြီး တနေ့တနေ့ ချမယ် သတ်မယ်နဲ့"

ဟွာထန်"...."

ဖန်းရန်ကဆက်ပြောသည်.. ပါးစပ်မပိတ် "မင်းတွေးကြည့် ကြင်ယာတော်ဆို ဘယ်လောက်ကောင်းလဲ... သွက်လက်တယ် ချစ်ဖို့ကောင်းတယ်.. အပူအပင်မရှိဘူး"

"ကယ်ကြပါဦး"  ခပ်လှမ်းလှမ်းတွင်တော့ ချန်လင်ကို မြေခွေးတစ်ကောင်က လိုက်နေရာ... ဝန်းထဲတွင် ဆူညံပွတ်လောရိုက်နေ၏...

ဘေးပတ်ဝန်းကျင်က ငယ်သားများ က အခြေအနေကိုသိသည့်အလား ဝင်မကူဘဲ စောင့်ကြည့်နေကြကာ အလိုက်မသိဘဲ ဝင်ကူမည့် လယ်သမားအချို့ကိုပါ ဟန့်တားထား၏.. ဘာလို့လဲဆိုတော့ မင်းသမီးကိုကယ်ရမှာ မင်းသားအလုပ်မဟုတ်လား...

ချင်ရှောင်ယွီ ရယ်လဲရယ်ချင် ငိုလဲ ငိုချင်သွားပြီး... အမြန်ခုန်ဝင်ကာ ကယ်လိုက်သည်...

"လန့်လို့သေတော့မယ်" ချန်လင်က အလန့်မပြေသေေးဘဲ ရေရွတ်သည်..

"ဘာလို့ မြေခွေးကို သွားစလဲ" ချင်ရှောင်ယွီက ရေနွေးခွက်လှမ်းပေးလိုက်ကာ မေးသည်..

"ဘယ်မှာစလို့လဲ" ချန်လင်က မကျေမနပ်ပြောသည်.. "မီးဖိုချောင်အ၀မှာရပ်ပြီး ကြက်ပေါင်ကိုက်နေတာ.. သူ့ဘာသာ ဘယ်ကနေ ဘယ်လိုပေါ်လာမှန်းတောင်မသိဘူး"

"ကြက်ပေါင်?"  ကြားသည်နှင့် ချင်ရှောင်ယွီ မျက်နှာက မဲသွားသည်.. "ဘာလို့ လျှောက်သွားပြီး လျှောက်စားနေတာလဲ... ကိုယ် ဘာသင်ထားလဲ"

ချန်လင်"...."

လျှောက်သွားပြီး လျှောက်မစားပါဘူး.. မီးဖိုချောင်ကို သွားပြီး သေချာတောင်းစားတာပါ..

"ဒီခရီးတလျှောက်လုံး မှာ မင်းကို ရမ္မက်စိတ်နဲ့ လုချင်နေတဲ့သူတွေ ဘယ်နှစ်ယောက်တောင်ရှိလဲ သိလား" ချင်ရှောင်ယွီက သူ့ပါးကိုဆွဲညှစ်ကာပြောသည်.. "နောက်တခါ ဒီလိုစိတ်ထင်တိုင်းလျှောက်လုပ်ရင် ဘယ်လို အပြစ်ပေးမလဲ စောင့်ကြည့်လိုက်"

Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)Nơi câu chuyện tồn tại. Hãy khám phá bây giờ