အခန်း-၃၀

9.9K 1.6K 205
                                    

အခန်း-၃၀

အကဲပိုနေကြတယ်

ကူချုံကောင်တွေ ထုတ်ပြီးပြီဆိုပေမယ့်... သူတို့က ချန်လင့်ကိုယ်ထဲမှာရှိနေတာ အချိန်တစ်ခုရှိခဲ့တာမို့ နောက်နေ့မနက်နိုးတော့ ချန်လင် ခေါင်းတွေကိုက်ပြီး နေမကောင်း ဖြစ်လေသည်..

"အအေးထပ်မိတာတော့ မဟုတ်ပါဘူးနော်" ထပ်နာ မှာ ကြောက်ပြီး ချန်လင်က တုန်တုန်ယင်ယင်နှင့်မေးသည်..

အဲ့ဒိလို အရိုးခိုက်တဲ့ အေးစိမ့်မှုမျိုးကို သူ နောက်တစ်ကြိမ်မခံစားချင်တော့ပါ..

"မဟုတ်ပါဘူး"ချင်ရှောင်ယွီက သဘက်ကို ရေညှစ်ကာ သူ့နဖူးပေါ်တင်လိုက်ရင်းဖြေသည်.. "ဟွာထန်ပြောပြီးပြီပဲ ဒီတခါက အရက်နာကျတာ... ၁ရက်၂ရက်လောက်အနားယူလိုက်ရင် ကောင်းသွားလိမ့်မယ်"

"ဒါဆို လဲ ပြီးတာပဲ" ချန်လင် စိတ်သက်သာရာရသွားကာ ပျင်းရိစွာသန်းလိုက်သည်...

နေမြန်မြန်ပြန်ကောင်းစေချင်သောကြောင့် ချင်ရှောင်ယွီက နေ့ခင်းတွင် ချန်လင့်ကို အနီးရှိ ရေပူစမ်းသို့ ခေါ်သွားကာ ဘဏ်စာရွက်ပေး၍ တနေရာလုံးကို ငှားပစ်လိုက်သည်.. အားလုံးကလဲ သူ့ရဲ့ အတ္တကိုနားလည်ပေးကြတယ်.. ဟုတ်တာပေါ့.. ဘယ်သူက ကိုယ့်ချစ်သူရေစိမ်တာကို တခြားလူကို ကြည့်စေ ချင်ပမလဲ...

တောအုပ်အလယ်ခန့်တွင်တည်ရှိသောကြောင့် တောရိပ်တောင်ရိပ်နှင့် အလွန်သာယာလှသည်.. ချန်လင် ရေစိမ်ရင်း ဇိမ်ကျလွန်းသဖြင့် သက်ပြင်းချလိုက်မိသည်.. စပွန်ဆာရှိတဲ့ ဘ၀ တယ်သာယာသကိုး...

"ပိန်လွန်းတယ်" ချင်ရှောင်ယွီက သူ့ပုခုံးကို အသာညှစ်ဖိရင်းပြောသည်.. "သိုင်းမကျင့်နိုင်တာလဲ မပြောနဲ့"

ငါတို့က ဦးနှောက်သုံးတဲ့ လူစားကွ... ချန်လင်စိတ်ထဲက ရေရွတ်လိုက်သည်...

"မျက်စိမှိတ်" ချင်ရှောင်ယွီက ရုတ်တရက်ပြောလိုက်သည်..

ချန်လင် သတိအနေအထားနဲ့ ပြန်မေးလိုက်၏.. "ဘာလို့ မှိတ်ရမှာလဲ" သူ့ကိုများ ခပ်ကြမ်းကြမ်းနမ်းမလို့လား... ဒီလိုကြီးတော့ မလုပ်သင့်ပါဘူး... မနမ်းပါနဲ့

Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)Where stories live. Discover now