အခန်း-၃၇
ရက် ၃၀ အယောက် ၃၀
"ဇနီးလေးကလဲ မနောက်ပါနဲ့ ကိုယ်က ဘလိုလုပ် မူးယောင်ဆောင်ရဲမှာလဲ" ချင်ရှောင်ယွီ က တည်ငြိမ်စွာပင် အရှက်မရှိ ဆိုသည်..
"မင်းငါ့ကိုလိမ်ရဲသေးတယ်" ချင်ရှောင်ယွီက စောင်နှင့်ထပ်ပစ်ပေါက်ကာပြောသည်..
" ကိုယ်အမှန်ပြောတာ" ချင်ရှောင်ယွီက ကုတင်ဘေးမှာထိုင်လိုက်သည်.. "ကိုယ်တို့ သိုင်းသမားတွေဆိုတာ တိတ်တဆိတ် တိုက်ခိုက်တာမျိုးတွေအတွက်ပါ ကျင့်ထားတော့ ဒါမျိုးက သူ့ မသိစိတ်ကနေကို နိုးကြားနေတာ"
ကူလီကူမာ!!မင်းက ကူလီကူမာကောင်!! ချန်လင် စိတ်ထဲက တွေးလိုက်ကာ ရင်ဘတ်ကို လှမ်း၍ဆောင့်ကန်လိုက်သည်.. တကယ်ကို ရန်လိုနေတော့တာ...
ဒီအခွင့်ကောင်းကို အလွတ်မခံတဲ့ ချင်ရှောင်ယွီက ခြေဖဝါးကိုဖမ်းဆွဲလိုက်ပြီး ကလိထိုးဖို့ ပြင်လိုက်သည်.. ချက်ချင်းရိပ်မိလိုက်တဲ့ ချန်လင်ကလဲ အကွက်မှားပြီဆိုသည့်စိတ်နှင့် ခြေထောက်ကိုပြန်ရုတ်သည်.. ဒါပေမယ့် မရပါ.. ချင်ရှောင်ယွီက ပြန်ဆွဲကာ သူ့ကိုတွန်းလှဲပြီး တက်ဖိလိုက်၏..
လာပြန်ပြီ ဒီလိုပုံစံ!! ချန်လင်က လက်သီးနဲ့ လှမ်းထိုးသည်.. ဒါပေမယ့် သူ့ကြိုးစားမှုက အချည်းနှီးသာ.. အဘယ်ကြောင့်ဆိုသော် ချင်ရှောင်ယွီက လက်ကို ဖမ်းဆုပ်လိုက်ရုံသာမက ဖွဖွလေးပင်နမ်းလိုက်သောကြောင့် ဖြစ်သည်..
"ဒီနေ့ မင်းနဲ့ငါ အတူတူ သေမယ့်နေ့ပဲကွ!!! " ရှက်လဲရှက် ဒေါသလဲထွက်နှင့် ချန်လင်တစ်ယောက် ရှုးရှုးရှဲရှဲ ဖြစ်ကာ ကိုက်ခြင်း ကုတ်ခြင်းများကို ဆက်တိုက်လုပ်တော့သည်..
ထိုအချိန်တွင် ယဲ့ကျင်းက တံခါးကို ၀ုန်းခနဲကန်ကာ ဝင်လာရာ ကုတင်ပေါ် မှာ လုံးထွေးကာ သတ်ပုတ်နေကြသော သူတို့ ၂ယောက်ကိုတွေ့လိုက်၏.... လိုက်လဲ လိုက်ဖက်ပါပေတယ်..
...
"ဘာကိစ္စလဲ" ချန်လင်ကို ဖိကာ ထိုင်ထားရင်းက ချင်ရှောင်ယွီက တည်ငြိမ်စွာပင် ခေါင်းလှည့်ကာမေးသည်...
YOU ARE READING
Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)
Romanceအသက် ၂၂ နှစ်မှာ ရှန်ချန်လင်တစ်ယောက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့တယ်။ ဆုကိုကိုင် မျက်ရည်လေးဝဲပြီး ကျေးဇူးတင်စကားပြောနေချိန်မှာပဲ မျက်နှာကျက် ကအစိတ်အပိုင်းတစ်ခုဟာ သူ့ခေါင်းပေါ်ကွက်တိပြုတ်ကျသွားတယ်။ အဲ့နောက်တော့ သူဟာ အချိန်တွေကိုနောက်ပြန်...