အခန်း-၄၆
ဖက်တီး
ချူချာပြီးပိန်တဲ့ လီပေါ်ကျင်းနဲ့စာရင် လီပေါ်ဟောက်က ပိုသန်မာတောင့်တင်းသည် ဆိုရမည်.. သူက သတိမေ့နေပေမယ့် မျက်နှာကတော့ ဖြူလျော်မနေပါ..
"ကိုယ်ပေါ်မှာ တခြားဒဏ်ရာရှိသေးလား" ချင်ရှောင်ယွီက မေးသည်..
ဟွာထန်က ခေါင်းခါသည်.. "မတွေ့ပါဘူး.. ကြည့်ရတာ အိပ်ဆေးငွေ့မိပြီးမှ ခေါ်သွားခံရတယ်ထင်တယ်"
"ဒီ ကောက်ကျစ်တဲ့ မိစ္ဆာဂိုဏ်းက ဘယ်ကဘယ်လိုပေါ်လာတာလဲ" ချင်ရှောင်ယွီက စဉ်းစားရင်း မျက်မှောင်ကြုတ်သည်..
"ရှောင်၀ူဘက်ခြမ်းကရော ဘာထူးသေးလဲ" ဟွာထန်ကမေးသည်..
"သံသယရှိတဲ့သူတွေတော့တွေ့ပြီ စောင့်ကြည့်တုန်းပဲ" ချင်ရှောင်ယွီက ပြောသည်.."သက်သေ မရှိဘဲတော့ ဝင်ဖမ်းလို့မရသေးဘူး"
"ကျွန်မတို့ ဒီမှာ ခဏတော့ ဆက်နေရဦးမယ် ထင်တယ်" ဟွာထန်က သက်ပြင်းချသည်.."ဘာသဲလွန်စမှ မရှိတဲ့ အပြင် မြို့ထဲက ယောကျာ်းတွေ တစ်ယောက်ပြီး တစ်ယောက် ဒီလိုအလုပ်ခံနေရတာ.. အခုဆိုရင် ဒါ လူလုပ်တာ မဟုတ်ဘဲ မိစ္ဆာ လုပ်တာ ဆိုပြီး သတင်းတွေတောင်ထွက်နေပြီ"
"လူဖြစ်ဖြစ် မိစ္ဆာဖြစ်ဖြစ် ကတိပေးပြီးရင်တော့ ရအောင် ဖမ်းရမှာပဲ" ချင်ရှောင်ယွီက အခန်းပြင်ထွက်သွားသည်.. "ဖန်းရန်ကို ငါ့ကို စာကြည့်ဆောင်မှာ လာတွေ့ဖို့ပြောလိုက်"
"ဖန်းရန် အပြင်ထွက်သွားပါတယ် ငယ်သားလူလွှတ်ပြီး သွားခေါ်ခိုင်းလိုက်ပမယ်" ဟွာထန်ကပြောသည်..
"အပြင်ထွက်တယ်?" ချင်ရှောင်ယွီက မေးသည်..
"ဟုတ်ပါတယ်.. ကြင်ယာတော် စိတ်သိပ်မကြည်တာတွေ့တော့ သူက အပြင်ထွက်ပြီး စိတ်ပျော်အောင်လုပ်ဖို့ အရုပ်လေးတွေသွားဝယ်မယ်ပြောပါတယ်"
ချင်ရှောင်ယွီ.....
ဟွာထန်က ရှင်းပြသည်.. "ဖန်းရန်က သဘောရိုးနဲ့ပါ"
"သူ့လစာကို နှစ်ဝက်တိတိ တဝက်လျှော့ဖို့ ယောင်ချန်းကိုပြောလိုက်" ချင်ရှောင်ယွီက အေးစက်စွာပြောသည်..
YOU ARE READING
Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)
Romanceအသက် ၂၂ နှစ်မှာ ရှန်ချန်လင်တစ်ယောက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့တယ်။ ဆုကိုကိုင် မျက်ရည်လေးဝဲပြီး ကျေးဇူးတင်စကားပြောနေချိန်မှာပဲ မျက်နှာကျက် ကအစိတ်အပိုင်းတစ်ခုဟာ သူ့ခေါင်းပေါ်ကွက်တိပြုတ်ကျသွားတယ်။ အဲ့နောက်တော့ သူဟာ အချိန်တွေကိုနောက်ပြန်...