အခန်း-၆

10.4K 1.7K 81
                                    

 "ကြွက်တက်တာ အရေးကြီးတဲ့ကိစ္စပဲ"

အရင်ဘ၀က ချန်လင် သိုင်းနည်းနည်းပါးပါးကျင့်ဖူးတယ်ဆိုတာ တီဗီမှာ သရုပ်ဆောင်ဖို့ သက်သက်ပဲ.. ကြည့်လို့လှရုံကလွဲရင် ဘာမှအသုံးမ၀င်ဘူး..အဲ့ဒါကြောင့်အဲ့အကွက်တွေတတ်ကြောင်း ထုတ်ကြွားရင်လည်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုပဲ ကိုယ့်အရှက်ကိုယ်ခွဲဖြစ်နေမယ်..
ရှန်ချန်ဖုန်းက သူ၏ခြေထောက်ကိုပြန်ချလိုက်ကာ ရေရွတ်သည်.. "ဘာလို့ ဒီလောက်တောင် အကြောတွေကတင်းနေရတာလဲ" .. ချန်လင်မကျေမနပ်နှင့် တွေးလိုက်သည်.. 'အစ်ကိုသာ အကြောတင်းတာ အစ်ကို့ တအိမ်လုံးသာ အကြောတင်းတာ...'

"လွယ်တာလေးကနေစသင်ပေးပါလား"
ချန်လင်အသနားခံလိုက်သည်.

"ဒါဆိုလဲ ၁နာရီလောက် မြင်းထိုင်အရင်ထိုင်တာပေါ့" ချန်ဖုန်းကပြောသည်

"ဘလောက်?" ချန်လင်မျက်လုံးပြူးကာပြန်မေးလိုက်သည်..မြင်းထိုင်ကို ၁နာရီလုပ်ဖို့ဆိုတာကြီးကတော့ ကြမ်းလွန်းပါတယ်.. သူအများဆုံး ငါးမိနစ်ပဲလုပ်နိုင်တာ

"၁နာရီ...လမ်းလျှောက်ပုံကြည့်ရတာ အောက်ခြေကမခိုင်ဘူး ဒီနည်းနဲ့ အခြေခိုင်အောင်အရင်လုပ်ရမယ်" ချန်ဖုန်းက ညှိနှိုင်းဖို့မကြံနဲ့ဆိုသည့်လေသံနှင့် ခပ်ပြတ်ပြတ် ပြောသည်..

အကြောဆန့်တာလေးကို ဘာလို့ဒီလောက်ပြင်းပြင်းထန်ထန်နည်းလမ်းကြီးသုံးခိုင်းရတာလဲ.. ချန်လင် မျက်ရည်လေးဝဲတဲဝဲတဲနှင့် မြင်းထိုင်စထိုင်လိုက်သည်..မြင်းထိုင်ထိုင်တာထက် Hip Hop အက ကတာက ပိုအကျိုးသက်ရောက်ပြီး အမြင်လဲလှတာကို သူ့အစ်ကိုကိုပြောလို့ရရင် ပြောပြချင်သည်..

"ခြေထောက် နည်းနည်းကား... လက်ကိုသေချာဆန့်" ချန်ဖုန်းက သူ့ပုခုံးကိုအားနဲ့ ဖိချလိုက်ရင်း ပြောသည်..
ဒီထက် ပိုကားရရင် သူ့ အ၀ှာတွေတော့ ကွဲပြဲကုန်တော့မှာပဲ.. ချန်လင်သူ့အစ်ကိုကို စိတ်ဆင်းရဲခြင်းကြီးစွာကြည့်လိုက်သည်.. ဒါပေမယ့် ချန်ဖုန်းကတော့ နည်းနည်းလေးမှ သက်ညှာ ပေးမည့်ပုံမရှိ... သုံးမိနစ်ပြီးနောက်မှာတော့ ချန်လင် ခြေထောက်တွေ တုန်ယင်လာသည်..

Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)Tahanan ng mga kuwento. Tumuklas ngayon