အခန်း-၃၉
ချင်ရှောင်ယွီနဲ့ ချန်လင် တို့ လီအိမ်တော်ကို အမြန်ပြန်ကြပြီး ရောက်ချိန်မှာတော့ အိမ်တံခါးမကို စောင့်နေတဲ့အစောင့်တွေက ပုံမှန်ထက် သုံးဆလောက်ပိုများနေတာကိုတွေ့ရသည်.. လမ်းပေါ်က လူတွေကလဲ တို့တိတို့တိနှင့် ဘာများပြဿနာ ဖြစ်နေလဲ အသီးသီး ခန့်မှန်းနေကြလေသည်..
"ဂိုဏ်းချုပ်ချင်.. ရှန်သခင်လေး" အလုပ်သမားတချို့က သူတို့ ၂ဦးကို ခပ်လှမ်းလှမ်းမှာတည်းက မှတ်မိနေ၍ အပြေးလာကြိုကာ တံခါးဖွင့်ပေးသည်..
"အစောင့်တွေ ဘာလို့ ပိုများနေတာလဲ"ချင်ရှောင်ယွီက သိသိ နှင့်မေးလိုက်သည်..
"အိုက်ယား"အလုပ်သမားက ဖြေရခက်သည့် မျက်နှာဖြင့် ပြန်ပြောသည်.. "ဒီကိစ္စက ပြောရခက်ပါတယ်ဗျာ ဂိုဏ်းချုပ် ခွင့်လွှတ်ပေးပါ"
"ဘာကပြောရခက်တာလဲ" ခြံဝင်းထဲမှ လူတစ်ယောက်က ထွက်လာရင်းပြောလိုက်သည်.. "ဒီလိုအရှက်ရစရာ ကိစ္စလုပ်ထားမှတော့ သူများသိမှာ စိုးရိမ်ပေးစရာလိုဦးမလား"
"ဟုတ်ပါတယ် ဟုတ်ပါတယ် ဒုသခင်လေးပြောတာ မှန်ပါတယ်" အလုပ်သမားက ဆက်တိုက်ဦးညွတ်ရင်း ထောက်ခံသည်.. သိသိသာသာကြီးကို ဖားလျားနေဟန်...
"ကိုယ့်အလုပ်ကိုယ်သွားလုပ်" ထိုလူက အလုပ်သမားကို ထွက်သွားခိုင်းလိုက်သည်.. ထို့နောက် သူတို့ ၂ဦးဘက် လှည့်ကာ လေးစားစွာ ပြောသည်.."ကျွန်တော်က လီပေါ်ထျန်းပါ.. ကျွန်တော်တို့ ဟိုနေ့က ဆုံဖူးပါတယ်"
မကောင်းဆိုးဝါးအကြောင်းပြောတာနဲ့ မကောင်းဆိုးဝါးရောက်လာတယ်ဆိုတာဒါမျိုးနေမှာ...
ချန်လင်က သူ့ကို ဒီလို ဘွားခနဲ တွေ့ရလိမ့်မယ် မထင်ထားလေတော့ ခုလိုတွေ့ချိန်မှာ ကြောင်ပြီး ငေးကြည့်နေမိသည်..
သူ့ပုံစံက မာန် အပြည့်နဲ့ ကတ္ထီပါ ဝတ်ရုံ .. ငွေဆံထိုး.. ကျောက်စိမ်း ခါးချိတ်ဆွဲပြား စတာတွေကလည်း ဆင်ယင်ထားလေတော့ ကြည့်လိုက်တာနဲ့ ဩဇာပြည့်တဲ့ အိမ်ကြီးအိမ်ကောင်းက သခင်လေးပုံစံသိသာလှပြီး ထိုကဲ့သို့ မဟုတ်တာ လုပ်ထားသည့် ပုံစံနည်းနည်းမှမပေါက်ချေ..
أنت تقرأ
Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)
عاطفيةအသက် ၂၂ နှစ်မှာ ရှန်ချန်လင်တစ်ယောက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့တယ်။ ဆုကိုကိုင် မျက်ရည်လေးဝဲပြီး ကျေးဇူးတင်စကားပြောနေချိန်မှာပဲ မျက်နှာကျက် ကအစိတ်အပိုင်းတစ်ခုဟာ သူ့ခေါင်းပေါ်ကွက်တိပြုတ်ကျသွားတယ်။ အဲ့နောက်တော့ သူဟာ အချိန်တွေကိုနောက်ပြန်...