အခန်း-၅၇

780 95 3
                                    


မြင်းလှည်းကတလျှောက်လုံး မရပ်မနားဘဲ မြို့ထဲဆီသို့ ဦးတည် ရွေ့လျားနေသည်..

ဆေးခတ်ခံထားရတဲ့ အရှိန်က မပြယ်သေးသောကြောင့် ချန်လင် တစ်ယောက် ချင်ရှောင်ယွီ ရင်ခွင်ထဲမှာ ချိုမြိန်စွာ အိပ်ပျော်ရင်းပါလာသည်.. သူနိုးလာချိန်မှာတော့ နောက်တစ်နေ့ရဲ့ နေ့လည်ပင် ရောက်နေပြီဖြစ်ပြီးပြတင်းအပြင်ဘက်မှာ နွေးထွေးတဲ့နေရောင်ခြည်က တောက်ပနေ၏..

ဆယ်ရက်လောက် မြေအောက် ခန်းထဲမှာ နေလာခဲ့တာမို့ နေကို မမြင်ရတာ အတော်ကြာနေပြီ.. ချန်လင် ကျေနပ်စွာ အကြောဆန့်လိုက်ပြီးနောက် ဘေးက လူကို ဖက်ကာ ပွတ်လိုက်၏..

....

ဟင်... ဘေးမှာ ဘာလို့လူရှိနေတာလဲ...

ချန်လင် ခေါင်းကိုထောင်လိုက်ကာ ဘေးမှာရှိတဲ့ ကိုလူချော ချင်ဂိုဏ်းချုပ်ကြီးကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်..

"ဝက်ကလေး နိုးပြီလား" ချင်ရှောင်ယွီက သူ့နှာခေါင်းကိုညှစ်သည်..

ချန်လင် သူ့လက်ကိုရိုက်ထုတ်လိုက်ကာ တဖက်ထောင့်သို့လှိမ့်သွား၏..

"ကိုယ့်ကို စိတ်ဆိုးနေတာလား?" ချင်ရှောင်ယွီက သူ့ကို အနောက်မှ သိုင်းဖက်လိုက်သည်..

ဆိုးကိုဆိုးရမယ်!! ချန်လင်က သူ့ကို အဖတ်ပြန်မလုပ်ပါ.. ဆယ်ရက်ကျော်မှ ပြန်ရှာတွေ့ရင် သူရဲကောင်းမဟုတ်ဘူး..

"နောက်တခါကိုယ်မင်းကို ထပ်မပျောက်စေရပါဘူး" ချင်ရှောင်ယွီ့ သူ့ခန္ဓာကိုယ်ကို ဆွဲလှည့်သည်.. "ရယ်ပြပါဦး"

"ဟား ဟား ဟား" ချန်လင်က လှောင် ကာ အသက်မပါတဲ့အသံဖြင့် ရယ်ပြလိုက်သည်..

ချင်ရှောင်ယွီက သူ့မေးကို ဆွဲကိုင်လိုက်ကာနှုတ်ခမ်းကို ဖွဖွနမ်း၏..

ချန်လင် ရှုးရှုးရှဲရှဲ ဖြစ်သွားပြီး "မင်းကို ဘယ်သူကခွင့်ပြု...အင့်"

ချင်ရှောင်ယွီက သူ့အပေါ်သို့ တက်ဖိလိုက်ပြီး နှုတ်ခမ်းတစ်စုံကို နမ်းတလှည့်ကိုက်တလှည့်ပြုသည်.. ချန်လင်က ဒေါသလည်းထွက်တယ် ဝမ်းလည်းနည်းတယ်.. သူ့ကို ပြန်ကိုက်ဖို့ ပါးစပ်ဟ လိုက်ချိန်မှာ.. အခွင့်ကောင်းယူခံလိုက်ရပြီး သူ့လျှာကို ပါကြိုဆိုလိုက်သလိုဖြစ်သွား၏..

Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)Dove le storie prendono vita. Scoprilo ora