အခန်း-၂၆
တစုံတယောက်ကတော့ ငါတို့ ရှိုးလေးကို ခိုးချင်နေပြီ
လက်တွေ့မှာ အကြမ်းနည်းက အနုနည်းထက်နှာတဖျားသာတယ်ဆိုတာ အသိသာကြီးပင်ဖြစ်သည်.. ထိုကြောင့် တစ်နာရီခန့်ကြာပြီးချိန်မှာတော့ ဟွာထန်က ဆေးပြင်ဆင်ဖို့ အခန်းကိုပြန်သွားပြီဖြစ်ပြီး ပိုင်လျန်ဟွာက တော့ ဖူးယောင်နေသောမျက်နှာ..သွေးထွက်နေသော နှာခေါင်းဖြင့် အကျဉ်းခန်းသို့ တရွတ်ဆွဲပြန်ခေါ်သွားခံရလေသည်...
"ဘာလို့ မင်းတို့ မိစ္ဆာဂိုဏ်းကကောင်တွေက သဘောထားကြီးကြီးနဲ့ အေးအေးဆေးဆေး မဖြေတာလဲ" အစောင့် က သူ့ကိုတရွတ်ဆွဲရင်းက နားချသည်.. "အနှေးနဲ့ အမြန်တော့ ပြောပြရမှာပဲဟာ ဘာလို့ အရိုက်ခံချင်နေရတာလဲ"
"အေ့လေ အေ့လေ" တခြားတယောက်ကလဲဝင်ပြောသည်.. "ဘယ်လက်ရုံးက သူ့ရက်စက်မှုကြောင့် နာမည်အရမ်းကြီးတာ.. မင်းပြော.. မင်း မတုံးအလွန်းဘူးလား"
"နောက်တခါ သူတခုခုမေးရင် ဒီလိုလုပ်မနေနဲ့ "
"လူ့အသက်ထက် သိက္ခာက ပိုအရေးကြီးသလားပြော"
"တွေ့လား.. ဒီနားကိုကြည့်စမ်း ခရမ်းရောင်တောင်သမ်းနေပြီ"
မင်းတို့ကောင်တွေ ပါးစပ်ပိတ်ထားကြစမ်းပါကွာ.. ပိုင်လျန်ဟွာ ငိုရှိုက်ကာ အသက်ကို မနည်းရှုရင်းတွေးသည်.. သမာသမတ်ဂိုဏ်းကလဲ လူ့အခွင့်အရေးလဲ နားမလည် လူ့စည်းမျဉ်းလဲမစောင့် ကြောက်ဖို့ကောင်းလိုက်တာ....
ညတာကအလျင်အမြန်ပင်ပြီးဆုံးသွားသည်.. နောက်တနေ့ရဲ့ တောက်ပတဲ့ မနက်ခင်းမှာတော့ နေရောင်နှင့် အတူ ချန်လင် နိုးထလာ၏...
"မင်္ဂလာနံနက်ခင်းပါ " ချင်ရှောင်ယွီက သူ့နှာခေါင်းကိုဆိတ်ပြီးပြောသည်..
"....မင်္ဂလာနံနက်ခင်းပါ" ချန်လင်မျက်လုံးကို အနည်းငယ်သာဖွ့င်ပြီး ပြန်ပြောသည်..
သူ့ပုံကိုကြည့်ပြီး ချင်ရှောင်ယွီ ရယ်ချင်သွားသည်.. "အိပ်ချင်သေးလို့လား"
"မအိပ်တော့ဘူး... ခေါင်းမူးလာပြီ" ချန်လင်စောင်ကိုဖယ်ကာ ထလိုက်သည်.. "ဒီနေ့ ခရီးပြန်ထွက်မှာလား"
YOU ARE READING
Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)
Romanceအသက် ၂၂ နှစ်မှာ ရှန်ချန်လင်တစ်ယောက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့တယ်။ ဆုကိုကိုင် မျက်ရည်လေးဝဲပြီး ကျေးဇူးတင်စကားပြောနေချိန်မှာပဲ မျက်နှာကျက် ကအစိတ်အပိုင်းတစ်ခုဟာ သူ့ခေါင်းပေါ်ကွက်တိပြုတ်ကျသွားတယ်။ အဲ့နောက်တော့ သူဟာ အချိန်တွေကိုနောက်ပြန်...