အခန်း(၅၀)
ကံဆိုးတဲ့ မိစ္ဆာဂိုဏ်းချုပ်
ချုံဟွာမြို့ရဲ့ အနောက်ဖက်မှာ ဝမ်ယွဲ့တောင်လို့ ခေါ်တဲ့ တောင်တစ်တောင်ရှိသည်။ တောင်တန်းနဲ့ တူးမြောင်းက သိပ်မနက်ပေမယ့်လို့.. အလွန် သွားရခက်ခဲသည်.. ပထမတစ်ချက်က တောင်ပေါ်မှာ အဆိပ်ပြင်းတဲ့ ပန်းတွေ ပွင့်တာ များလို့ဖြစ်ပြီး ဒုတိယတစ်ချက်ကတော့ တောင်ပေါ်မှာ လမ်းတွေက အရမ်းရှုပ်ပြီး လမ်းပျောက်လွယ်တယ်. သရဲတစ္ဆေတွေလည်းတွေ့ရတတ်လို့ဖြစ်သည်.. ဒါကြောင့် လူတွေက ဒီတောင်ဟာခြောက်ခြားဖို့ကောင်းတယ်ဆိုပြီး သစ်ခုတ်သမားနဲ့ မုဆိုးတွေတောင် သွားလေ့မရှိဘူး..
ခု အဲ့ဒီလူတွေပြေးတဲ့နေရာက ဝမ်ယွဲ့တောင်ကို ဦးတည်နေတယ်..
တောင်ထဲကိုပြေးဝင်သွားကြတာမြင်တော့ ချင်ရှောင်ယွီက မျက်ခုံးတစ်ချက်ပင့်သွားပြီးနောက် ဟွာထန်ကို လှည့်ကြည့်သည်..
"ဘာပြဿနာရှိလို့လဲ" ချန်လင်က သိချင်စိတ်ဖြင့်မေးသည်..
"ပီလုထုန်ရော? " ချင်ရှောင်ယွီက မေးသည်..(သာသာ တခုပြောချင်တယ်.. ဒီကနေစပြီး ရတနာကိုးမျိုးကို တရုတ်စာအသံထွက်အတိုင်းပဲ ပြန်လိုက်တော့မယ်.. ဒီတခုက အစိမ်းရောင်ကျောက်လေးကိုပြောတာ .. )
"ဒီမှာ" ချန်လင်က ပိတ်အိတ်လေးတစ်ခုကို ထုတ်လိုက်ကာ ပြောသည်.. "ယူမလို့လား?"
"မယူဘူး ကိုယ်ကမင်းကို ကိုင်ထားစေချင်တာ" ချင်ရှောင်ယွီက ပြောသည်.. "တောင်ပေါ်မှာ အဆိပ်ပေါတယ်.. ပီလုထုန်က မင်းကို ကာကွယ်ပေးလိမ့်မယ်"
ချန်လင်ခေါင်းညိတ်သည်. သူ့မျက်နှာကတော့ အလွန်စိတ်လှုပ်ရှားနေပုံပေါ်သည်..
"မကြောက်နဲ့" ချင်ရှောင်ယွီက ကျောလေးကိုပုတ်သည်. "ဘယ်သူမှ မင်းကို မခေါ်သွားစေရဘူး"
"အင်း" ချန်လင်က ခေါင်းညိတ်ကာ အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်သည်..
နာမည်ကြီးပြီး စိတ်ထားကောင်းတဲ့ သခင်ကြီးကို စိတ်မပျက်ရစေနဲ့နော်..
"ချင်ဂိုဏ်းချုပ်" ခဏနေတော့ သူတို့ သတင်းပို့ပြီး ခေါ်ထားတဲ့ နယ်ခံအရာရှိနဲ့ တပ်သားတချို့ရောက်လာကြသည်.. သူတို့လက်ထဲက မီးတောက်များက ကောင်းကင်ယံထိ တောက်ပနေကြ၏.. ချင်ရှောင်ယွီက အားလုံးကို တောင်ထဲဝင်ရှာဖို့ အမိန့်ပေးလိုက်ပြီး အရေးပေါ်အခြေအနေရှိပါက မီးရှုးနဲ့ အသိပေးကြဖို့ ပြောသည်...
YOU ARE READING
Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)
Romanceအသက် ၂၂ နှစ်မှာ ရှန်ချန်လင်တစ်ယောက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့တယ်။ ဆုကိုကိုင် မျက်ရည်လေးဝဲပြီး ကျေးဇူးတင်စကားပြောနေချိန်မှာပဲ မျက်နှာကျက် ကအစိတ်အပိုင်းတစ်ခုဟာ သူ့ခေါင်းပေါ်ကွက်တိပြုတ်ကျသွားတယ်။ အဲ့နောက်တော့ သူဟာ အချိန်တွေကိုနောက်ပြန်...