အခန်း-၂၉
ကူချုံကောင်
စိတ်ဆိုးတာနဲ့ ဒီလိုသောင်းကျန်းစရာလား ဘယ်လို ဟာလေးလဲ...
ချင်ရှောင်ယွီ သက်ပြင်းခိုးချလိုက်ကာ စောင်ကို ခေါင်းပေါ်က ဆွဲဖယ်လိုက်ပြီး ချန်လင့်ကို အကျိုးသင့် အကြောင်းသင့်ပြောဖို့ပြင်လိုက်သည်.. ဒါပေမယ့် သူ အဲ့လိုပြင်လိုက်ချိန်မှာပင် ချန်လင့် မျက်ဝန်းများက ရဲလာပြီး အသံမထွက်ဘဲ တအင့်အင့်နှင့်ငိုတော့သည်...
ချင်ရှောင်ယွီ "......."
အဲ ... ဟုတ်ပြီ.. ကြည့်ရတာ ဒီတခါ တကယ် စိတ်ဆိုးပြီထင်တယ်...
ချန်လင် က တဖြည်းဖြည်းနဲ့ အသံထွက်လာကာ ပို၍ ပို၍ကျယ်လာလေသည်.. ချင်ရှောင်ယွီ ဘာလုပ်လို့ လုပ်ရမယ် မသိတော့.. ရန်လဲ ဖြစ်လို့ မရ ဆူလဲ ဆူလို့ မရ... ထို့ကြောင့် စိတ်ကိုသာ အတင်း ဆွဲဆန့်ပြီး ချော့ရသည်.. " ကိုယ် တောင်းလဲ တောင်းပန်ပြီးပြီလေ.. မငိုပါနဲ့တော့ ဟုတ်ပြီလား... စိတ်ဆိုးနေသေးရင် ကိုယ့်ကို ကိုက်မလား.. ကိုယ်ပေးကိုက်မယ်"
ချန်လင်က အဖတ်မလုပ်ပါ...
ချင်ရှောင်ယွီ ခေါင်းတွေပါကိုက်လာသည်..
ချန်လင် ခဏရပ်ကာ သူ့ အင်္ကျီလက်ဖြင့် နှာကိုသုတ်လိုက်သည်.. ထို့နောက် ဒူးကိုပိုက်လက်ပေါ်မှောက်ကာ ဆက်ငိုလေ၏..
ပြောရရင် ချင်ရှောင်ယွီ တကယ်လန့်နေပြီ..
ချန်လင်ကတော့ ဒီအခွင့်အရေးကိုယူကာ တလျှောက်လုံး စိတ်ဆင်းရဲခဲ့သမျှကို အတိုးချကာ ငိုနေခြင်းဖြစ်သည်... နာမ်ရွှေ့ပြောင်းတုန်းက ခံစားခဲ့ရတဲ့ ကြောက်ရွံ့မှု၊ ဒီမှာဘယ်လောက်ကြာမယ်မှန်းလဲမသိခဲ့ ရဘူး..ခုချိန်မှာသာ မပေါက်ကွဲရရင် ဘယ်တော့မှ ပေါက်ကွဲလို့ရမလဲ မသိဘူး...
ချင်ရှောင်ယွီ မျက်မှောင် အနည်းငယ်ကြုံ့ နေမိသော်လဲ ဘာမှ မပြောဘဲ တချက်တချက် ကျောကိုသာ အသာလေးပုတ် ပေးမိသည်..
တော်တော်ကြာ ငိုပြီးနောက် ချန်လင် အနည်းငယ် နေလို့ကောင်းလာကာ ခပ်မတ်မတ်ထိုင်လိုက်ပြီး ချင်ရှောင်ယွီကို နီမို့မို့ မျက်ဝန်းများနှင့် စိုက်ကြည့်သည်...
YOU ARE READING
Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)
Romanceအသက် ၂၂ နှစ်မှာ ရှန်ချန်လင်တစ်ယောက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့တယ်။ ဆုကိုကိုင် မျက်ရည်လေးဝဲပြီး ကျေးဇူးတင်စကားပြောနေချိန်မှာပဲ မျက်နှာကျက် ကအစိတ်အပိုင်းတစ်ခုဟာ သူ့ခေါင်းပေါ်ကွက်တိပြုတ်ကျသွားတယ်။ အဲ့နောက်တော့ သူဟာ အချိန်တွေကိုနောက်ပြန်...