"လက်ထပ်မှဖြစ်မယ်တော့မဟုတ်ပေမယ့် တောင်ဘက်ကိုတော့ သွားကိုသွားရမယ်"
သူတို့၂ယောက် ရေနွေးသောက်ပြီးချိန်တွင်တော့ အောက်ထပ်က ဒေါသနှင့်အသံ တစ်ခုကိုကြားရလေသည်.. "ချင်ရှောင်ယွီ"
အသံက နှာသံအနည်းငယ်ပါသည်... ကြားလျင်ကြားချင်း ဘယ်သူမှန်းချက်ချင်းသိလိုက်သည်..
ချန်လင် အထုပ်လေးကိုအမြန်ဖွက်လိုက်သည်.. သူ့လုပ်ရပ်ကသွက်လွန်းလှရာ... ချင်ရှောင်ယွီက နဖူးကိုလက်နှင့်အုပ်ကာ တခိခိရယ်၏... ချန်လင်သူ့ကို မျက်စောင်းထိုးလိုက်သည်.. မင်းရဲ့ ခိုးရာပါ ပစ္စည်းကိုဖွက်ပေးနေတာကွ!"ချင်ရှောင်ယွီ" ရင်လော့ရွှယ်က အရှေ့ရောက်လာပြီး ပြောသည်... "ငါ့ပစ္စည်းပြန်ပေး"
"ဘာကိုပြန်ပေးရမှာလဲ" ချင်ရှောင်ယွီက နားမလည်သည့် မျက်နှာထားနှင့်ပြန်မေးသည်..
ထိုနည်းတူစွာပင် ချန်လင်ကလဲ အပြစ်ကင်းသည့် မျက်နှာလေးနှင့် ရင်လော့ရွှယ်ကိုကြည့်လေသည်... လင်မယား၂ယောက်အတိုင်အဖောက်ညီနေကြသည်..
ဘာမှမသိတဲ့ပုံစံနှင့် မျက်နှာနှစ်ခုကိုကြည့်ပြီး ရင်လော့ရွှယ်၏ဒေါသကပိုလို့ပင်ပြင်းထန်လာသည်.. "ငါတို့ဂိုဏ်းရဲ့ အထွတ်အမြတ်ထားတဲ့ နှင်းဖန်လုံးကိုမေးနေတာကွ... ဒါအပြင်လူအတွက်မဟုတ်ဘူး"
ချင်ရှောင်ယွီ "oh"
ချန်လင် "oh"
"ငါ့ကိုပြန်ပေး" ရင်လော့ရွှယ်က ၀ုန်းခနဲ စားပွဲခုံကိုရိုက်ချလိုက်သည်.. ချန်လင် လန့်သွားသည်.. ဒီလူတကယ် သွေးဆူလွယ်တာပဲ..
"ကျွေ့ရင်ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ မင်းဒီလို အလစ်သုတ်တဲ့ လုပ်ရပ်မျိုးကိုလုပ်ရဲတယ်" ရင်လော့ရွှယ်က ဒေါသကိုမထိန်းနိုင်ဘဲဆက်ပြောသည်.. "တကယ်ကိုအရှက်မဲ့တာပဲ"
"အလစ်သုတ်တယ်?" ချင်ရှောင်ယွီရဲ့ အသံက တည်ငြိမ်ပေမယ့် မျက်လုံးတွေကတော့ အေးစက်သွားသည်.. "မင်းပိုင်တဲ့ အရာကို ငါယူတယ်လို့ပြောတယ် မင်းမှာသက်သေရှိလား"
"ခုနကမင်းတစ်ယောက်ပဲငါ့ကိုထိလိုက်တာ.. မင်းမယူရင် ငါ့နှင်းဖန်လုံးက သူ့ဘာသာထွက်ပြေးသွားတာလား..." ရင်လော့ရွယ်က ခါးထောက်ပြီးပြောသည်..
YOU ARE READING
Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)
Romanceအသက် ၂၂ နှစ်မှာ ရှန်ချန်လင်တစ်ယောက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့တယ်။ ဆုကိုကိုင် မျက်ရည်လေးဝဲပြီး ကျေးဇူးတင်စကားပြောနေချိန်မှာပဲ မျက်နှာကျက် ကအစိတ်အပိုင်းတစ်ခုဟာ သူ့ခေါင်းပေါ်ကွက်တိပြုတ်ကျသွားတယ်။ အဲ့နောက်တော့ သူဟာ အချိန်တွေကိုနောက်ပြန်...