အခန်း-၇

10K 1.7K 122
                                    

                              "ကြက်နတ်ဘုရား"

ချန်လင် အနည်းငယ် အပြစ်ရှိသလိုခံစားရပေမယ့်.. ဘာမှ ထပ်လျှာရှည်ပြီးမေးမနေတော့ဘဲ နာခံစွာပင် နောက်ကို ကျောမှီကာ ပြင်ဆင်ပြီးယူလာမယ့် ကြက်မဲသားဟင်းရည်ကိုသာ မျှော်နေလိုက်တော့သည် ခေါင်းပေါ်မှာလဲ အ၀တ်နီကြီးကိုတင်ထားသေးသည်..
"အမေ" တခြားလူတွေကတော့အခန်းထဲမှာမရှိတော့... ချန်လင် မသက်မသာ မေးလိုက်သည်.. "ဒီအဖတ်ကြီးဖယ်လို့မရဘူးလား"
"မရဘူး.." ရှန်ကတော်က သူ့မျက်နှာကို အသာသပ်ပေးရင်းပြောသည်.. "ဒါက မကောင်းဆိုးဝါးရန်က ကာကွယ်ပေးတယ်"
ချန်လင် ငိုချင်သွားသည်.. ဒီကလူတွေ အရမ်းအယူသည်းတယ်.. သူ့ပုံကိုလဲ ကြည့်ဦး... အရူးကြီးကျနေတာပဲ..
"ဘယ်တော့များမှ နေကောင်းမလဲ မသိပါဘူး" ရှန်ကတော်က သက်ပြင်းချရင်းပြောသည်.. ထို့နောက် အံကြိတ်ပြကာ သူ့နဖူးကို လက်ညှိုးဖြင့် အသာထိုးလိုက်ပြီး " မင်း..ပေါ့.. မင်းဆိုးတာ... အားလုံးပြန်ကောင်းနေပြီကို သစ်ပင်ကသွားတတ်သေးတယ်.. အမေ မင်းကိုငယ်ငယ်က ဘယ်လိုသင်ခဲ့လဲ"

ဘယ်သိမှာလဲ.. အဒေါ်သင်တဲ့တစ်ယောက်က ကျွန်တော်မှမဟုတ်တာ.. ချန်လင် မိမိနဖူးမှာ အပေါက်ရာများဖြစ်တော့မလားဟု စဉ်းစားရင်းစိတ်ထဲက ခံပြောလိုက်သည်.. ဒီအဒေါ်ကြီး ရှောင်လင်က ရွှေလက်ညှိုးသိုင်းတွေဘာတွေများသင်ထားလားမသိဘူး..

"သခင်မ" ချင်ရှောင်ယွီက ပန်းကန်လုံးကိုသယ်လာကာဝင်လာသည်... သူ့ကိုမြင်တော့ ခိခနဲ အသံတချက်ထွက်လာ၏..

"မင်းဖင်ကိုရယ်ပါလား" ချန်လင်ခေါင်းပေါ်ကပုဝါကိုဆွဲဖြုတ်လိုက်ကာ လုံးပြီး သူ့ကို ပစ်ပေါက်ဖို့ပြင်လိုက်သည်..

"လင်အာ" ရှန်ကတော်က အလန့်တကြားပြောသည်.. " ဒါ မွန်မြတ်တဲ့ပစ္စည်းလေ.. ဒါဗုဒ္ဓကိုယ်ကို သန့်ရှင်းရေး လုပ်ရင်သုံးခဲ့ဖူးတဲ့ အ၀တ် ဒီလိုလျှောက်ပစ်ပေါက်လို့မရဘူး.."

အင် ...ချန်လင် မျက်လုံးပြူးသွားသည်.. သူများကိုယ်သုတ်ဝတ်ကြီး....

"တော်တော်များရယ်ရသလား" ချန်လင် ချင်ရှောင်ယွီကို မျက်စောင်းခဲကြည့်ပြီးမေးလိုက်သည်.

Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)Where stories live. Discover now