အခန်း-၂၈

9.4K 1.6K 166
                                    

အခန်း-၂၈

တမင်လုပ်တာ

ဒီဘက်ခြမ်း...

ရှောင်ကျန့်ကို ဟွာထန်က ဦးဆောင်ပြီးခန်းမသို့ခေါ်လာပြီး

ဟိုဘက်ခြမ်းတွင်တော့...

ချင်ရှောင်ယွီက အေးအေးလူလူပင် ဝန်ထမ်းကောင်လေးအား ချိုးရေနွေး တချို့ ယူလာခိုင်းပြီး ရေချိုးဖို့ပြင်ဆင်နေ၏

"မင်းဘာလုပ်မို့လဲ" ချန်လင် အူကြောင်ကြောင်ဖြင့်မေးလိုက်သည်..

"ရေချိုးမလို့ပေါ့" ချင်ရှောင်ယွီက အင်္ကျီကို အေးဆေးချွတ်ရင်းပြောသည်..

ချန်လင် "......"

နေ့ဘက်ကြီး ဘာကိုရေချိုးမှာလဲ.. ပြီးတော့ ခန်းမထဲမှာ သူများက စောင့်နေသေးတယ်လေ..

"မြင်းကို အရမ်းအမြန်စီးလာတာ ဖုန်တွေသဲတွေကပ်နေပြီလေ" ချင်ရှောင်ယွီက အင်္ကျီထဲမှ စာအုပ်အစုတ်လေးကို ထုတ်ကာ စားပွဲပေါ်တင်လိုက်ရင်းပြောသည်..

ချန်လင် ပိုးဟတ်ကိုချက်ချင်းသတိရသွားသည်.. ထို့ကြောင့် အမြန်ပြောလိုက်သည်... "ဟုတ်တယ် ရေ ကို လေးငါးခါလောက်ချိုးလိုက်"

"အတူချိုးမလား?"ချင်ရှောင်ယွီက ကမ်းလှမ်းလာသည်..

ဒါမျိုးက အတူလုပ်ရတဲ့ အရာမှ မဟုတ်တာကွ... ချန်လင် သူ့ကို ပြင်းပြင်းထန်ထန်ငြင်းလိုက်ပြီး တုတ်အတိုလေးတချောင်းရှာကာ စာအုပ်ကို ခပ်လှမ်းလှမ်းမှ လှမ်းထိုးသည်... သူတကယ် ဘာစာအုပ်လဲသိချင်ပြီး ဖတ်ချင်နေပြီ.. ထို့ကြောင့် ပိုးဟတ်ရှိသေးလားတို့ကြည့်တာ..

"ဘာလုပ်နေတာလဲ" ချင်ရှောင်ယွီက ရေထဲစိမ်ရင်း နားမလည်သည့်ဟန်နှင့်မေးသည်..

ချန်လင်ကပြန်ဖြေသည်.. "ခုနက ဆရာလီ ပေးတုန်းက ပိုးဟတ်တစ်ကောင်တွေ့လိုက်လို့ "

ချင်ရှောင်ယွီမျက်နှာ ချက်ချင်း အစိမ်းရောင်ပြောင်းသွားသည်..

"ခုတော့ မရှိတော့ဘူး" ချန်လင်က စာအုပ်ကို အနားလေးကကိုင်ကာ ပထမတစ်မျက်နှာလှန်ကြည့်ပြီး ပြောသည်..

Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)Where stories live. Discover now