အခန်း(၅၂)
စိတ်ဆိုးအောင်လုပ်ဖို့ လုံး၀ကို မရည်ရွယ်ပါဘူး
"အယ် ဘယ်လက်ရုံး ဘယ်ရောက်သွားတာလဲ" ချန်လင်က ရေနွေးဗန်းနဲ့ ထွက်လာချိန်မှာတော့ ဟွာထန်က မရှိတော့ဘူးဖြစ်သည်။ ချင်ရှောင်ယွီ တစ်ယောက်သာ အခန်းထဲမှာရှိသည်။
"ပြန်သွားပြီ" ချင်ရှောင်ယွီက ပြောသည်.. "လီမိသားစုကိစ္စက နောက်ပိုင်းရှင်းစရာလေးတွေရှိသေးတယ်.. ပြီးရင်တော့ ကိုယ်တို့ တောင်တရုတ်ပင်လယ်ကို သွားလို့ရပါပြီ"
"ခု အခြေအနေက ဘယ်လိုလဲ?" ချန်လင်က မေးသည်..
"ပန်းသူခိုးဆိုတာ တကယ်မရှိဘဲ မိစ္ဆာဂိုဏ်းက အဆိပ်ခတ်တာ ကြောင့်ဖြစ်တယ် ဆိုတဲ့အကြောင်းကို အစိုးရက စာကတ်ပြီး ရှင်းပြပြီးပီ.. ဒါပေမယ့် လီပေါ်ဟောက်အကြောင်းတော့မပါဘူး" ချင်ရှောင်ယွီက ပြောသည်.. "လီမိသားစုက မြို့ခံ စီးပွားရေးရှင်တွေလည်းဖြစ်တော့ အစိုးရက သူတို့ကို မျက်နှာသာ ပေးရတာပေါ့"
"လီပေါ်ဟောက်က ဘာမှ မဖြစ်တော့ဘူးလား" ချန်လင်ကမေးသည်..
"လီအိမ်တော်က ကြည့်စီစဉ်ပါလိမ့်မယ်" ချင်ရှောင်ယွီက ပြောသည်.. "ကိုယ်တို့ ဝင်ပါဖို့မသင့်ဘူး"
"လီပေါ်ထျန်းက ခုဘယ်မှာလဲ" ချန်လင်က တွေးလို့မပြီးသေးပါ..
"လီပေါ်ထျန်းက ဘာဖြစ်လို့တုန်း?" ချင်ရှောင်ယွီက စသလို ပြန်မေးသည်...
"အမ်" ပန်းသူခိုးကိစ္စက သူနဲ့ မဆိုင်ပေမယ့်လို့ သူက လူယုတ်မာဆိုတာကတော့ ဖုံးလို့ မရဘူးလေ.. ချန်လင်က တရားမျှတသူတစ်ဦးဖြစ်သည်.. "သူနဲ့ သူ့မိထွေး ကိစ္စလေ.. ဒီလို လူလျှောက်သတ်လို့ရမလား" သူရဲကောင်းတစ်ယောက်အနေနဲ့ မျက်နှာလွှဲခဲပစ် မလုပ်နိုင်ပါဘူးနော်..
ချင်ရှောင်ယွီက ခေါင်းခါသည်.. "အဲ့တာ သူလုပ်တာ မဟုတ်ဘူး"
"ဟမ်?" ချန်လင် အံ့ဩသွားသည်... "မင်းဘယ်လိုသိတာလဲ... သူ့နာမည်ကို ငါတို့ကြားခဲ့သားပဲ"
"အဲ့တာ လီပေါ်ဟောက်" ချင်ရှောင်ယွီက ပြောသည်..
ချန်လင်တစ်ယောက် လောကကြီးအပေါ်အမြင်တွေ ဇောက်ထိုးဖြစ်သွားသည်.. "လီပေါ်ဟောက်?"
YOU ARE READING
Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)
Romanceအသက် ၂၂ နှစ်မှာ ရှန်ချန်လင်တစ်ယောက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့တယ်။ ဆုကိုကိုင် မျက်ရည်လေးဝဲပြီး ကျေးဇူးတင်စကားပြောနေချိန်မှာပဲ မျက်နှာကျက် ကအစိတ်အပိုင်းတစ်ခုဟာ သူ့ခေါင်းပေါ်ကွက်တိပြုတ်ကျသွားတယ်။ အဲ့နောက်တော့ သူဟာ အချိန်တွေကိုနောက်ပြန်...