အခန်း-၅၁
Couple Mode
"ဘယ်အချိန်ရှိပြီလဲ" ချန်လင်က နိုးလာတော့ အိပ်မှုံစော်မွှားဖြင့်မေးသည်.
"စောသေးတယ်" ချင်ရှောင်ယွီက စောင်ကိုပြန်ခြုံပေးလိုက်ကာ ပြောသည်.. "လိမ်မာတယ် ထပ်အိပ်ဦးနော်"
ချန်လင်က မျက်မှောင်ကြုတ်လိုက်ကာ "ဗိုက်ဆာတယ်"
ချင်ရှောင်ယွီက သူ့လက်ဖမိုးကို ပုတ်လိုက်ပြီးနောက် ထကာ အပြင်သို့ထွက်ရန်ပြင်သည်..
"ဘယ်သွားတာလဲ? " ချန်လင်က ကြောင်လေးလို သူ့အင်္ကျီလက်စကိုလှမ်းဆွဲကာ ချွဲသည်...
"မင်းအတွက် စားစရာ လုပ်ခိုင်းမလို့လေ" ချင်ရှောင်ယွီက အိပ်ယာဘေးမှာ ပြန်ထိုင်လိုက်ကာ ပြောသည်. "ဘယ်မှ မသွားဘူး ပြီးတာနဲ့ ပြန်လာခဲ့မယ်"
ချန်လင်က အင်းဟု တစ်ချက် ညည်းလိုက်ပြီး လက်ကိုလွှတ်လိုက်သည်..
ကျောက်၀ူက ဓားကို ရင်ခွင်ပိုက်ကာ ခြံဝန်းထဲမှာထိုင်နေတာဖြစ်ပြီး ချင်ရှောင်ယွီ တံခါးဖွင့်ပြီးထွက်လာတာ ကိုမြင်တော့ ထနှုတ်ဆက်သည်..
"ဟွာထန်နဲ့ မင်းနဲ့ကို ဒီကိစ္စတွေ ဆက်ပြီးကိုင်တွယ်ဖို့ အလုံးစုံ အာဏာ လွှဲပေးလိုက်ပြီလို့ ဟွာထန်ကို ပြောလိုက်" ချင်ရှောင်ယွီကပြောသည်.. "လီပေါ်ဟောက်က ဘာတွေလုပ်ခဲ့လဲ သိဖို့ အစိုးရနဲ့အတူတူ ပူးပေါင်း.. ပြီးတော့ လီအိမ်တော်ရဲ့ ပြဿနာကို သေချာရှင်း"
"ဟုတ်ကဲ့" ကျောက်၀ူက အခန်းဘက်ကိုလှမ်းကြည့်လိုက်ပြီး "ရှန်သခင်လေးသက်သာရဲ့လား"
"အအေးဆိပ်က တော့ ပြန်ငြိမ်သွားပြီ.. ယာယီတော့ကောင်းသွားပြီ" ချင်ရှောင်ယွီက ပြောသည်..
"အခုချိန်မှာ ဘေးမှာ ငါမရှိလို့မဖြစ်ဘူး ဒီအမှုအတွက် မင်းနဲ့ဟွာထန်ကိုပဲ အားကိုးရမှာပဲ.."
"ဂိုဏ်းချုပ်အားနာလွန်းနေပါပြီ ဒါကကျွန်တော်တို့ အလုပ်တွေပါ" ကျောက်၀ူက ပြောပြီးသည်နှင့် အမိန့်ကိုဆောင်ရွက်ရန်ထွက်သွား၏.. ချင်ရှောင်ယွီကတော့ ငယ်သားတစ်ယောက်ကို ချန်လင့်အတွက် စားစရာ ပြင်ဖို့ ခိုင်းသည်..
![](https://img.wattpad.com/cover/204487126-288-k238904.jpg)
YOU ARE READING
Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)
Romanceအသက် ၂၂ နှစ်မှာ ရှန်ချန်လင်တစ်ယောက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့တယ်။ ဆုကိုကိုင် မျက်ရည်လေးဝဲပြီး ကျေးဇူးတင်စကားပြောနေချိန်မှာပဲ မျက်နှာကျက် ကအစိတ်အပိုင်းတစ်ခုဟာ သူ့ခေါင်းပေါ်ကွက်တိပြုတ်ကျသွားတယ်။ အဲ့နောက်တော့ သူဟာ အချိန်တွေကိုနောက်ပြန်...