အခန်း-၅၆

659 85 3
                                    


ချန်လင် ပျောက်သွားတဲ့နေ့ကစပြီး အစိုးရဝန်ထမ်းတွေနဲ့ အစောင့်တွေက နေရာတကာမှာဝင်ရောက် စစ်ဆေးနေကြဖြစ်သည်.. ထို့ကြောင့် အစောင့်တချို့နဲ့ ဝန်ထမ်း တွေ ရုတ်တရက် တရုတ်ဆေးဆိုင် လေးကို တံခါးလာခေါက်ပြီး စစ်မယ်ပြောတော့ စွန်းတ တစ်ယောက် သိပ်ပြီး ထူးဆန်းတယ်လို့ မတွေးမိပါ..

"ခုတလော မသင်္ကာစရာလူတွေ မင်းကို စောင့်ကြည့်နေတာမျိုး သတိထားမိတာရှိလား" ပထမ အရာရှိက စစ်မေးနေကြအသံအတိုင်းမေးသည်..

"မရှိပါဘူး" စွန်းတက ခါးညွတ် အရိုအသေပေးရင်းပြန်ဖြေသည်.. "ထူးခြားတာ တခုရှိရင် ကျွန်တော် ချက်ချင်းသတင်းလာပို့မှာပါ"

"မင်းတို့ အထဲ ဝင်ရှာကြည့်" အဖွဲ့ခေါင်းဆောင်က အမိန့်ပေးသည်..

စွန်းတ က ဝင်ရှာလို့ရအောင် လမ်းဖယ်ပေးသည်.. ခဏကြာတော့ ရှာပြီးတဲ့ အစောင့်တွေက တစ်ယောက်ပြီးတစ်ယောက်ပြန်ထွက်လာပြီး ဘာမှမတွေ့ကြောင်းပြောသည်..

"သွားမယ် နောက်တစ်ဆိုင်" အဖွဲ့ခေါင်းဆောင်ကပြောပြီး ထွက်သွားသည်.. "အားလုံးပဲ စိတ်မလျှော့ကြနဲ့ ရှန်သခင်လေးကိုတွေ့မှဖြစ်မယ် မတွေ့မချင်း ဘာမှ မစားမသောက်ကြနဲ့"

တဖွဲ့လုံးဘေးကဆိုင်ထဲဝင်သွားတော့မှ စွန်းတက ဆိုင်ထဲသို့ပြန်ဝင်လာသည်..

"ဘာဖြစ်တာလဲ" ဖုန်းကျိုယဲ့က မျက်မှောင်ကြုတ်သည်..

"သခင် စိတ်မပူပါနဲ့ ဒီလိုပဲ စစ်နေကြပါ" စွန်းတ ကပြောသည်.. "ရှန်ချန်လင်ပျောက်ခါစတုန်းကဆိုရင် သူတို့တွေက ကြက်ခြံတောင် ပြောင်းပြန်လှန်ပြီးရှာတာ...အခုတော့ သူတို့လည်းပေါ့သွားပြီ ဟိုဒီတချက်ကြည့်ပြီးထွက်သွားတာ နောက်ပိုင်းဆို ဝင်တောင်ရှာမှာမဟုတ်ဘူး"

"မြို့တံခါးက အစောင့်တွေရောအခြေအနေ ဘယ်လိုရှိလဲ ထွက်စုံစမ်းကြည့်" ဖုန်းကျိုယဲ့ကပြောသည်.. "အကုန် သာမန်ပဲဆိုရင် ဂိုဏ်းကိုသူ့ကို အမြန်ဆုံးပြန်ခေါ်သွားတော့မယ်"

"သခင် ဒီမှာကြာကြာနေသင့်တယ် ကြာကြာနေလေ မြို့ပြင်ထွက်တဲ့အခါ အန္တရာယ်နည်းလေပဲ"စွန်းတကပြောသည်..

Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)Where stories live. Discover now