မထင်ထားတဲ့အခြေအနေ🙄

86.3K 1.2K 38
                                    

Unicode...

ညနေခင်းအချိန်တစ်ခုတွင် မီးရောင်စုံတွေနဲ့လှပလွန်းနေသော် " မင်းခေါင် " စံအိမ်၏ခြံအတွင်း၌ဧည့်သည်‌တွေဟာ ခြံအပြည့်သာရှိနေသည်။ မည်သို့ကြောင့်ဆို ဒီမြို့ရဲ့ မြို့မျက်နှာဖုံးဖြစ်တဲ့ တရားသူကြီး သားနဲ့ ရှေ့နေရဲ့ သမီးတို့ စေ့စပ်ပွဲ‌ကြောင့် လာရောက်ချီးမြှင့်ကြခြင်း ဖြစ်သည်....။

နန်းတော်ကြီးလိုခမ်းနားလှတဲ့စံအိမ်ကြီးက အဖြူနဲ့အပြာကို သုံးပြီးဆောက်လုပ်ထားကာ စံအမ်ရဲ့မျက်နှာစာအလည်တည့်တည့်တွင် အဆင့်သုံးခုပါသည့် ရေပန်းတစ်ခုလည်းရှ်ိ‌သေး သည်။ စေ့စပ်ပွဲမှာသုံးထားသော် မီးရောင်စုံများနဲ့ပန်းများက စံအိမ်ကြီးရဲ့ခမ်းနားမှုမှာ ရှုမငြီးနိုင်အောင်လှပလွန်းနေပြန်သည်။

စေ့စပ်ပွဲကိုလာရောက်ကြတဲ့ဧည့်သည်တွေနဲ့ နှစ်ဖက်မိဘများက ပျော်ရွင်စွာရှိနေကြပေမဲ့ မပျော်နိုင်စွာ ဖြစ်နေကြသည့်မှာ ဒီပွဲရဲ့ အဓိကလူနှစ်ယောက်သာဖြစ်သည့် မိုင်မင်းခေါင်နဲ့ပျားရည်သာဖြစ်နေသည် ။

စေ့စပ်လက်စွပ်တွေအပြန်အလှန်ဝတ်ပေးပြီးကတည်းက အောက်ကိုဆင်းပြီး ဘယ်သူ့ကိုမှမဧည့်ခံပါ ရွှေရောင်တဝက် အဖြူတဝက်နဲ့လုပ်ထားသည့် ဆိုဖာခုံတန်းပေါ်မှာ ဘေးတဘက်ဆီထိုင်ကြရင်း တိတ်ဆိတ်လို့သာနေကြသည်။

ငယ်ငယ်ကတည်းကမိုင်နဲ့ပျားရည်ဟာကျောင်းတက်လဲအတူတူ ဆော့ကစားလဲအတူတူ ပြောမနာဆိုမနာနေလာတဲ့သူငယ်ချင်းနဲ့မိဘတွေရဲ့ ရုတ်တရပ်စီစဥ်မှုကြီးကနှစ်ယောက်လုံး ဘာမှပြောခွင့်တောင်မရလိုက်သလို့ သဘောထားကိုလဲတခွန်းတလေတောင်မမေးခဲ့ကြပါ ။

နှစ်‌ယောက်လုံးဟာအခုမှ၉တန်းအောင်ပြီး ၁၀တန်းစတတ်ဖို့လုပ်တုန်းရှိသေးတယ် နှစ်ဖက်တွေရိုးရိုးညစာစားကြမှာဟုလိမ်ကာ စေ့စပ်ပွဲကိုSuprieဆိုပြီးထလုပ်လိုက်တဲ့မိဘတွေကြောင့် မိုင်တကယ် အံ့ဩမိပြီး ကြောင်သွားရတာအမှန်ပါ ဒီပွဲရဲ့အဓိကစီစဉ်သူက သူရဲ့ဖွားဖွား ဒေါ်ထိပ်ထားသစ္စာတဲ့လေ ငြင်းချင်ရင်တောင်ဖွားဖွားရဲ့အမိန့်ကိုမလွန်ဆန်ရဲတာမို့ ငြိမ်ခံနေယုံသာတတ်နိုင်သည့်လေ ။

နှလုံးသားရပ်ဝန်း ( Zg & Uni)  (Completed )Where stories live. Discover now